Tuesday, May 21, 2013

ဧည့်သည်သို့

ကျနော်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာ တစ်ဦးပါ။
သို့ပေသော်ငြား တစ်ခြားဘာသာကို မကဲ့ရဲ့ပါဘူး။
သူယုံကြည်ရာ ကိုးကွယ်ကြတာပေပဲ . .။
ဘာသာတရားတိုင်းက ယဉ်ကျေးလိမ္မာဖို့ ဆုံးမပါတယ်။

ကျနော်ဟာ မျိုးချစ်စိတ် အပြည့်ရှိတဲ့
မြန်မာ တိုင်းရင်းသားတစ်ဦးပါ။
သို့ပေသော်ငြား တစ်ခြား လူမျိုးများအပေါ်
အလကားနေရင်း ရန်ရှာပီး မတိုက်ခိုက်လိုပါဘူး။
ကိုယ်က အိမ်ရှင်ပေမို့ မြင့်မြတ်စွာပင်
ပိုလို့ သဘောထားကြီးပေးနိုင်ပါတယ်။

ထိုထက်မကလည်း ကိုယ့်အိမ်ကိုယ့်ယာ
ကိုယ့်မြေပေါ်မှာ ဧည့်သည် လာခိုက်
ဘေး အန္တရာယ်မဖြစ်စေဖို့လည်း
တတ်နိုင်သမျှ မေတ္တာထားလို့ စောင့်ရှောက်
ကာကွယ်ပေးမယ့် အထဲမှာ ရှေ့ဆုံးက ပါဝင်ပါမယ်။

အိမ်ရှင်များတို့ရေ ဧည့်သည် အပေါ်
မတရား အနိုင် မကျင့်ကြပါနဲ့နော် လို့ ထိမ်းသိမ်းပေးသလို
ဧည်သည်တို့ရေ အလကားနေရင်း တို့အိမ်ပေါ်တက်ပီး
လူပါးတော့ မ၀ကြပါနဲ့ကွာ လို့တော့ တားရမှာပါပဲ . . ။

သည်ကြားထဲကပဲ
ကိုယ့်ရေသောက်ရင်း ကိုယ့်မြေပေါ်ပေါက် လာသူများက
အိမ်ရှင်များ အပေါ် မခန့်လေးစား စော်ကားလာရင်တော့ . . .

မိတ်ဆွေများခင်ဗျား . .
ကျနော် အာသဝေါ မကုန်သေးပါ။
လောဘ ဒေါသ ရှိနေပါသေးတယ် . . ။
မျိုးရိုးအလိုက် စစ်သွေးပါ ပါတယ်။
သခင်သွေး ပါပါတယ်။
ဇာတိမာန် အပြည့်ရှိပါတယ် . .။
ဆင်ခြင်တုံတရားနဲ့ ယှဉ်တဲ့ သတ္တိ
အစဉ်သတိနဲ့ ရှိနေပါတယ် . .။

ဗုဒ္ဓ တရားနဲ့ ပျော်မွေ့နေကြတဲ့ ကျုပ်တို့ကို
အတိုင်းအတာ လွန်ကဲစွာ စော်ကားလာရင်တော့
တစ်မြေမှာဖွား လူမျိုးခြားဆို စပါးတစ်ပင် ယူလျှင်မကြေ
မြေတစ်လက်မ ကျူးက မခံ ရန်တုန့်ပြန်လို့
မြန်မာ့သွေးစွမ်း ပြချင်စမ်းပါတယ် . . ။

Monday, May 20, 2013

KOREA ASEAN COMMEMORATIVE SUMMIT (MYANMAR PERFORMANCE)

MYANMAR CLASSICAL ရဲ.ပို.စ်လေးပါ 

 May 31 2009 ကိုးရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ KOREA ASEAN COMMEMORATIVE SUMMIT မှာ ကိုးရီးယား နဲ့ အာဆီယံ ၁၀ နိုင်ငံ ရိုးရာ ဂီတပညာရှင်များ စုပေါင်းပြီး ရိုးရာတေးသီချင်းများကို ရိုးရာတူရိယာများဖြင့် စုပေါင်းတီးခတ်ဖျော်ဖြေခဲ့ကြပါတယ်။ အာဆီယံ နိုင်ငံ များမှ ရိုးရာတူရိယာများ တေးသီချင်းများကို တစ်နိုင်ငံချင်း သီဆိုတီး ခတ်ဖျော်ဖြေခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ အခြားပညာရှင်များနဲ့အတူ မြန်မာပညာရှင်များရဲ့ လက်စွမ်းပြဖျော်ဖြေမှုကို နားဆင်မြင်တွေ့ရမှာပါ။
Credit to Myanmar Classical

Saturday, May 18, 2013

မိမိကိုယ်ကို တာဝန်ယူနိုင်အောင်ကြိုးစားပါ

မိုးရွာတော့မယ်ဆိုတော့
လမ်းဘေးမြောင်းတွေမှာ ပိတ် ဆို့နေတဲ့ အမှီုက်တွေ
ရှင်းလင်းပြီး မြောင်းတွေ ဖေါ်နေကြတာ တွေ့မြင်ရပါတယ် . . ။

စည်ပင်က အခုမှ ဘာ ညာ လာလုပ်နေကြတယ် ဆိုတဲ့
ကဲ့ရဲ့ စကားသံတွေလည်း ကြားတဲ့ အခါ ကြားမိပါတယ် . .။
ကြံ့ဖွံ့က နိုင်ငံရေး မဲဆွယ်နေတာလေ ဆိုတာလည်း ပါရဲ့ . .။

အမှိုက်တွေ ဖေါ်ပြီး လမ်းဘေး ပုံထားတဲ့အခါ
နေ့ချင်း လာ မသိမ်းလို့ အနီးအပါးက အိမ်တွေမှာ
အနံ့ အသက်တွေနဲ့ အနှောင့် အယှက်ဖြစ်ကြရတာတွေရှိသလို
မိုးရွာရင် မြောင်းထဲ ပြန်ကျသွားမှာပဲရယ်လို့
စိတ်ပူကြသူတွေကလည်း အများကြီးပါ။

ကျနော်တို့ စည်းကမ်းမဲ့စွာ ပစ်ချင်တိုင်း ပစ်ခဲ့ကြတဲ့
အမှိုက်တွေကြောင့် လမ်းဘေးမြောင်းတွေပိတ်
ရေတွေလျှံ ပါတ်ဝန်းကျင် သန့်ရှင်းမှု ထိခိုက်ကြတာတွေမှာတော့
ကျနော်တို့ အများစုက မေ့နေတတ်ကြပါတယ် . .။

တာဝန်ရှိတယ်လို့ အများက သတ်မှတ်တဲ့
စည်ပင်ရဲ့ ပေါ့လျော့မှုတွေနဲ့ အတူ
ကျနော်တို့ရဲ့ စည်းကမ်းမဲ့မှုတွေ အပေါ်
ကျနော်တို့ ကဲ့ရဲ့ ပြစ်တင် ဆိုဆုံးမဖို့တော့
ကျနော် ကိုယ်တိုင် ၀န်လေးမိနေတယ် ထင်ပါတယ် . .။

ကျနော်တို့ လျောက်ခဲ့တဲ့ ဒီိုကရေစီ
ရောက်နေတဲ့ ခေတ် စနစ် ပါတ်ဝန်းကျင်မှာ
ကျနော်တို့ တာဝန်ကျေဖို့တော့ လိုတာ အသေ အချာပါ . .။

မည်သို့ဆိုစေ ကျနော်တို့ပစ်တဲ့ အမှိုက်တွေကို
ကျနော်တို့တောင် မသိမ်း မရှင်း မဖေါ်တဲ့
ရေမြောင်းပုတ်တွေကြားမှာ မရွံမရှာ
ကျနော်တို့အတွက် သန့်ရှင်းပေးသွားတဲ့
အမည်အသိ စည်ပင် လုပ်သားများကိုတော့
ကျနော်တိုတွေ့ ရေ အေးအေးလေးတစ်ခွက်နဲ့
ကုသိုလ်ပြုရင်း သာဓုခေါ်ဆို ချီးမွမ်းခြင်းငှာ
မထိုက်ပါလေလား ခင်ဗျာ . . ။

မိမိကိုယ်ကို တာဝန်ယူနိုင်အောင်ကြိုးစားနေသော

ဆုတင် . .။

မြင့်မြတ်သောသူ ဘဝ

ရွှေလက်ကောက်ကြီးတွေ တချွင်ချွင်
တစ်တောင်ဆစ်လောက်ဝတ်
ရှိသမျှ လက်ချောင်းတွေမှာ လက်စွပ်တွေ အပြည့်နဲ့
ဆွဲကြိုး ဒီဇိုင်းစုံ စိန်လော့ကက်ကြီးတွေ
သင်္ဘော ချည်တဲ့ ကြိုးလောက်ဝတ်ပြီး
ကွမ်း တပြစ်ပြစ်ဝါးလို့ လုပ်ချင်ရာတွေလုပ်
ပါးစပ်က ပေါက်တတ်ကရတွေ ပြောနေကြတဲ့
ယောင်္ကျားကြီး မိန်းမကြီးတွေ တွေ့မြင်ဖူးကြမှပါ . . ။
ကြည့်ရတာကိုက ကြက်သရေ မင်္ဂလာ ပြည့်ဝကြပါရဲ့လား . .။

သနပ်ခါးရေကျဲလေးလူး
ရှိတာလေးနဲ့ လှအောင်ဝတ်လို့
ခင်မင်ဖွယ်ရာ အပြု အမူ အပြောအဆို
ကြည်လင်တဲ့ မျက်နှာထားလေးတွေနဲ့
ကြက်သရေရှိပြီး ပြောင်ပြောင် ဆင်းရဲနေကြတဲ့
ရပ်ရွာထဲက ကျား မ အစုံစုံကိုလည်း တွေ့မြင်ဖူးကြမှာပါ။

ကျနော်တို့တွေ တော်တော်များများက
မြင့်မြတ်တဲ့သူ ဆိုတဲ့ စကားကို ကြားရင်
ရုပ်ဝတ္တု ချမ်းသာကြွယ်ဝမှုနဲ့
ပြည့်စုံနေတဲ့သူတစ်ယောက်ကို
ခပ်လွယ်လွယ် မြင်မိလိုက်ကြတယ် . . ။

အ၀တ်အစား ဟောင်းနွမ်းနေပါစေ
မျက်နှာမှာ ပေါ်လွင်နေတဲ့ ရှင်းသန့် ကြည်လင်မှု
ကြက်သရေ ရှိမှုတွေဟာ သူတစ်ဦးတစ်ယောက်ရဲ့
စိတ်နေစိတ်ထား ကိုယ်ကျင့်တရား
မြင့် မြတ်မှုရဲ့ သင်္ကေတဆိုတာကို
နားလည် သဘောပေါက်ကြရင်
ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုတွေဆိုတာ
ဘ၀ သံသရာမှာ အရေး မပါကြောင်း
သိမြင်ကြလိမ့်မယ် ထင်ပါတယ် . . ။

မြင့်မြတ်မှု ဂုဏ်ကြက်သရေဆိုတာ
ကံသုံးပါး စောင့်စည်း ထိမ်းသိမ်းမှုနဲ့
ကိုယ်ကျင့်တရားသာလျှင်ဖြစ်ပါတယ် . .။

မြင့်မြတ်သောသူ ဘ၀ကို လိုလား တောင့်တလျက်

ဆုတင် . .။

လူကောင်း၊ လူမိုက် ဖြစ်ရခြင်း အကြောင်း



လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို
လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။

ကိလေသာ တရားဆိုး တို့ကို
နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့်
လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး . . .

ကိလေသာ တရားဆိုး တို့ကို
မနှိပ်ကွပ် မဆုံးမ နိုင်ခြင်းကြောင့်
လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်။

- (ဖားအောက်ဆရာတော်)

credit to youngbuddhistassociation.mm

အပြောမတတ် အရှုပ် အဖွ များရင် အတော မသတ် ဒုက္ခ ပွားမယ်



သူ့ စကားကို ကိုယ့် စကား လုပ် ပြောတာ၊

ကိုယ့် စကားကို သူ့ စကားလုပ် ပြောတာ၊

ဟို စကား ဒီပို့ တာ၊ ဒီစကား ဟို ပို့တာ၊

ပါးစပ်ထဲ တွေ့ရာ ဇာတ်လမ်းဆင်ပြီး
ပလီစေ့ခြောက်ချက် လုပ်တာ၊

ဆရာကြီးလေသံနဲ့ အာချောင်တာ၊

ကိုယ့်စိတ်နဲ့နှိုင်း ကိုယ်လိုရာ ဆွဲတွေးပြီး
တစ်ဖက်သားကို စွပ်စွဲ ကဲ့ရဲ့တာ၊

အတင်းပြောတာ၊ အပုပ်ချတာ၊

နာမည်ဖျက်တာ၊ သိက္ခာချတာ၊

ငယ်ကျိုးငယ်နာဖော်တာ၊

ဒါတွေအားလုံးဟာ “၀စီဒုစရိုက်လေးပါး” ထဲမှာ
အကျုံးဝင်ပါတယ်။

- အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

အချစ်စစ်

ဆရာတော် ဦးဇောတိက က ဟောခဲ့ဖူးတယ်။

အားငယ်တဲ့ သူကိုမှ ချစ်တာ
တကယ်စစ်မှန်တဲ့ အချစ် မဟုတ်သလို
အားကိုးရလို့ ချစ်တာဟာလည်း
တကယ်ချစ်တာ မဟုတ်ပါဘူး တဲ့ . .။

အဲဒီလို အချစ်ဟာ ရေရှည်မှာ မပျော်လာတော့ဘူး။
မပျော်တဲ့အတွက်ကြောင့်ပဲ မခိုင်မြဲဘူး လို့လည်း
မိန့်ကြားခဲ့ပါတယ် . . ။

တကယ်တော့ အားကိုးတာ အားနွဲ့တာထက်
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့
အပြန်အလှန် အကျိုးပြုကြရင် . . .

မောင်တစ်ထမ်း မယ်တစ်ရွက်
ဘ၀ကို မျှတစွာ တာဝန်ယူတတ်ကြရင် . . .

ပျော်ရွှင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်ကြပါလိမ့်မယ်လို့
ကျနော်ကတော့ ယုံကြည်မိတာပါပဲ . . ။

မိန်းကလေးများ၏ ညို့ချက် (၈) ချက်

ဒါမျိုးတွေလည်း တွေ့ဖူး ကြုံဖူး
ခံစားဖူး မိန်းမောဖူးပါသည် . . ။
သူများဆီမှာ တွေ့လို့ ကူး ရှယ်လိုက်ပါသည်။



မိန်းကလေးများ၏ ညို့ချက် (၈) ချက်

ညို့ချက် (၁)
=======
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။
အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်
"သိတံ" လို့ ခေါ်တယ်။
(မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
=======
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
=======
တစ်ချို့ မိန်းကလေးလေးတွေကျတော့
ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။
(အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ။
နောက်မှ (ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
=======
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။
(ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး
အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။
သတိထားကြနော်
လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး
ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက်
မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
==========
တစ်ချို့မိန်းကလေးတွေကျတော့
စကားကို မကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။
အဲ့ဒါ ကတော့ ညှို့ချက် နံပါတ်ငါး "မန္ဓ၀ါစာ" လို့ခေါ်တယ်။
(ချစ်တယ်ဆိုတဲ့ အဖြေကို
မပေးချင် ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ ။
နောက်တော့လည်း အတင်းအဖျင်းပြောရင်
အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
=======
မျက်လုံးထောင့်ကပ်ကြည့်တာ
ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။
(ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင်
သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ။
ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ
မျက်စောင်းတွေချည်း တဒိုင်းဒိုင်း
အထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
========
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။
(သနားရာကနေ ဟင်း ဟင်း ဟင်း
ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ
အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
=======
မခံချင်အောင် စကားနာထိုးတာက
ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။
(စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ
အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)

အခုဖော်ပြခဲ့တာကတော့
ယောက်ျားလေးတွေကို ကျအောင်
ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

သတိထားပြီး လွတ်အောင်သာ ရှောင်ကြပေတော့
မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့..........ဟဲဟဲ။
ယောကျာင်္းလေးများသတိထားနိုင်ရန် . . ။

_________________________________
Lamin Maung ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

အဆုံးအမများ

ပုံမှန်ဖြစ်ပါစေ

ကိုယ့်ကိုကိုယ်လည်း သိပ် အထင်မကြီးနဲ့ ၊
ထိန်းမနိုင် သိမ်းမရ ဖြစ်တတ်တယ်။

ကိုယ့်ကိုကိုယ်လည်း သိပ် အထင်မသေးနဲ့ ၊
ကြိတ်ပြီး ရူးသွားတတ်တယ် ။

ဘယ်ဟာမှမကောင်းဘူး ရမ်းမလုပ်နဲ့ ၊
ပုံမှန်ဖြစ်ပါစေ ။

- (ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ)

credit to youngbuddhistassociation.mm

---------------------------------------------------------------


မိဘများနဲ့ အတူနေခွင့် လုပ်ကြွေးခွင့်ရတာ
ဗြဟ္မာကြီးတွေနဲ့ အတူ နေရသလိုပါတဲ့ . . ။

အလှူခံ ပုဂ္ဂိုလ်ထူး၊ လက်ဦးတဲ့ မြတ်ဆရာ၊
ထက်ကောင်းကင် ဗြဟ္မာမျိုး တိုးလို့မှတ်ပါ။

ထိုသူတွေ ဘယ်မှာရှိငြား၊
တခြားမောင်မရှာလေနဲ့၊
နောင်အခါ ပူဇော်ရမယ်
မိဘနှစ်ပါး။

- (မဟာဂန္ဓာရုံဆရာတော်)


-----------------------------------------------------------------

အဆိုးထဲက အကာင်းရှာ


အပူမီးကြောင့် ပေါ်ထွက်လာတဲ့
အလင်းရောင်ကို
အားကိုးလို့ ရနိုင်သလို . .

ပြဿနာကြောင့် ရရှိလာတဲ့
အသိဥာဏ်ကိုလဲ အားကိုးနိုင်တယ်။

- (ဓမ္မဒူတ အရှင်ဆေကိန္ဒ)

credit to youngbuddhistassociation.mm
 

အချစ်မှတ်စု




အချစ်မှတ်စု ( ၁ )

ကိုယ့်အပေါ် တန်ဖိုး မထားတတ်သူကို
ချစ်ဖို့ မကြိုးစားကြပါနဲ့ . . ။

ကိုယ်က တန်ဖိုးရှိရင်
ကိုယ့်အပေါ် တန်ဖိုးထားပါလိမ့်မယ် . .။
တန်ဖိုးရှိအောင် ပြောဆို နေထိုင် ကျင့်ကြံ အားထုတ်ပါ။

ကိုယ့်အပေါ် တန်ဖိုးမထားတတ်သူ ဆိုရင်လည်း
ကိုယ့်အချစ်ကို တန်ဖိုးထားမှာ မဟုတ်လို့
ရှင်းရှင်းပဲ တိုက်တွန်း ပြောဆိုပါရစေ . .
သူ့ကို ချစ်ဖို့ မကြိုးစားပါနဲ့ . .။

တန်ဖိုးရှိတဲ့ အချစ် ဆိုတာ
စိတ်ရွှေငွေ ရာထူး စည်းစိမ် မဟုတ်ပါဘူး။
တန်ဖိုးထားတတ်တဲ့ စိတ်ဓါတ်
အပေါ်မှာသာ မူတည်ပါတယ် . . ။

တန်ဖိုးရှိတဲ့ အချစ်တွေရရှိနိုင်တဲ့
တန်ဖိုးရှိသောသူများဖြစ်နိုင်ကြပါစေ . .။


 အချစ်မှတ်စု ( ၂ )

ယောင်္ကျားကောင်း ပီသသော သူများအဖို့ . .
အားကိုးထိုက်တဲ့သူ ဖြစ်အောင်သာ ကြိုးစားပါ . .။
ခနတာ အထင်ကြီးခံရတာမျိုး မဖြစ်ပါစေနဲ့ . .။
ကိုယ့်အရည် အချင်း စစ်စစ်တွေနဲ့
ဘ၀ကို သရုပ်ဖေါ်ပါ . .။

သူဟာ ကိုယ့် ဘ၀အတွက် မရှိမဖြစ်လို့
ခံစားနေရပြီ ထင်နေပြီ သတ်မှတ်ပြီ ဆိုရင်
သေချာတယ် . .
မင်းရှုံးဖို့ ပြင်ပေတော့ . . ။

သူ့ ဘ၀အတွက်သာ ကိုယ်ဟာ
မရှိ မဖြစ် တန်ဖိုးရှိတဲ့သူ ဖြစ်ပါစေ . .။

တန်ဖိုးရှိစွာ အချစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ . .။

အမေနေ့ ( မေ ၁၂ ၂၀၁၃ )

အမေ နေ့ ဆိုပြီး
အမေများကို သတိတရ ရှိကြတာ
ဝမ်းသာစရာကြီးပါ . . ။
ထိုထက်မက နေ့တိုင်း
မိဘအပေါ် သတိတရရှိကြရင်
ပိုလို့ မင်္ဂလာရှိပါတယ် . . ။

နေ့တဓူဝ မိဘကို လုပ်ကြွေး
ပြုစုကြသူများ အတွက်ကတော့
နေ့စဉ် အမေ နေ့ အဖေ နေ့
ကျင်းပစရာမလိုပဲ
ကျင်းပပြီးဖြစ်နေမှာပါပဲ . . ။

ကြွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် . . .
ပြည့်စုံကြွယ်နေကြတဲ့
သားသမီးများအတွက်ကတော့
နေ့စဉ် ကောင်းကျိုးချမ်းသာတွေ
တိုးပွားနေမှာ အမှန်ဖြစ်ပါကြောင်း . .
အမျိုးကောင်း သားသမီး အပေါင်းတို့ခင်ဗျား . .။

သက်ရှိထင်ရှား မိဘကျေးဇူး အထူးဆပ်နေပါသော

ဆုတင် . .။

တူ သား နောင် ဘွား ယောင်္ကျားသားတို့



ချစ်တဲ့သူလို့ ဆိုတဲ့ မိန်းကလေးတစ်ယောက်က
ကိုယ့်အပေါ်မှာ မနိုင်ဝန်တွေ ထမ်းခိုင်းပြီဆိုရင်
အဖြေခက်စွာ အဓိပ္ပါယ်မဲ့တဲ့ မေးခွန်းတွေ မေးလာပြီး ဆိုရင်
အကြောင်းမဲ့တဲ့ ပြစ်တင်စကားတွေ ဆိုလာပြီ ဆိုရင်
အကြင်နာကင်းတဲ့ အပြု အမူ
အပြော အဆိုတွေ ရှိလာပြီ ဆိုရင် ...

ဝံပုလွေရှေ့က သိုးငယ်လေးလို
မင်းတို့တွေများ လည်စင်းလို့
တောင်းပန်စကားပြောဖို့ မကြိုးစားပါနဲ့တော့ . . .

သေချာပါတယ်
မင်းအပေါ် သူ မေတ္တာ မဲ့နေပြီ . . ။
ထိုထက်မက မင်းထက် ပိုလို့ ကြင်နာမယ့်သူ
သူ့မှာရှိနေလောက်ပြီ . .။

အောင်မြင်စွာ လမ်းခွဲဖို့သာ ပြင်ပါတော့ . . ။
မင်း မျက်ရည်ကျရမှာ သေချာတယ် . . ။

တစ်ချိန်က ခံစားခဲ့ဖူးတဲ့
ဦးဆု . . ။

ကျားကျားလျားလျား ဖြစ်နိုင်ကြစေဖို့

မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ "ကျား" မဖြစ်နိုင်သည့်အကြောင်းရင်းမျာ
=====================================
အခုလိုရေးလိုက်တာဟာ နှစ်နှစ်ကျော်လာလအတွင်း ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့တဲ့ လက်ရှိနိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်မှုများကို အဖျက်သဘောအနေနဲ့ပြောခြင်းမဟုတ်ပါ။ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နဲ့ န၀တ၊ နယက ခေတ်တွေနဲ့စာရင်တော့ ကောင်းမွန်လာခဲ့တာတွေ အပုံကြီှးရှိပါတယ်။ သို့သော်လည်း ကိုယ့်ရဲ့လုပ်ဆောင်ချက်စွမ်းရည်တွေကို သိပ်အထင်ကြီးပြီး တကယ့်အဖြစ်မှန်နဲ့လွဲသွားမှာစိုးလို့ သတိပေးခြင်းဖြစ်ပါတယ်။ နောက်လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်မိမှာကိုလည်းစိုးရိမ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို "ကျား" လို့ပြောတာက တင်စားပြောဆိုတာဖြစ်ပါတယ်။ "ကျား" လို့ပြောခြင်းဟာ ခွန်အားကြီးများခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းကို ဆိုလိုပါတယ်။ နိုင်ငံတစ်ခုကို "ကျား" အဆင့်ကို သွင်းပြီဆိုရင် သူ့မှာ ခိုင်မာတဲ့ Political, Economics, Social and Technology အားတွေ သူမတူ အလွန်ကောင်းလာတာကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Political, Economics, Social နဲ့ Technology တွေမှာ "ကျား" အဆင့်ကို ဖြစ်ဖို့အလွန်အလှမ်းဝေးပါတယ်။ လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေရှိနေပေမဲ့လည်း လူသားတစ်ဦးချင်းစီရဲ့ အတွင်းစိတ်မှာစွဲမြဲနေတဲ့ အယူအဆနဲ့ ယုံကြည်မှုတွေ၊ လူ့အဖွဲ့အစည်းရဲ့ Culture တွေ၊ Organization တွေ ရဲ့ Culture တွေ၊ အုပ်ချုပ်တဲ့အဆင့်ကို ရောက်လာသူတွေရဲ့ Self နဲ့ State interest တွေ ရောထွေးနေမှုတွေ၊ ပြုပြင်သင့်တာတွေကို မပြုပြင်နိုင်တာတွေကြောင့် "ကျား" အဆင့်ကို မပြောပါနဲ့ ဖရိုဖရဲမဖြစ်သွားဖို့အတွက်လောက်သာ ဆုတောင်းရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ "ကျား" ဘာလို့မဖြစ်နိုင်လည်းဆိုတာကတော့ အောက်မှာရေးထားတဲ့ အချက်တွေကြောင့်ပါပဲ။

၁။ မြန်မာလူမျိုးအများစုဟာ ပုံမှန်စားဝတ်နေရေးအဆင်ပြေရင် အေးအေးဆေးဆေး၊ လူတွေနဲ့ ဝေးရာမှာနေလိုတဲ့လူမျိုးဖြစ်လို့ဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ကောင်းသထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးမရှိခြင်း။

၂။ မြန်မာလူမျိုးများသည် ကောင်းရောင်းကောင်းဝယ် အရောင်းအ၀ယ်လုပ်ငန်းများမှာ ပါဝင်လာမှုအလွန်အားနည်းပြီး အရောင်းအ၀ယ်လုပ်ငန်းတွေနဲ့ အလှမ်းဝေးတဲ့ မြို့စွန်တွေမှာသာနေထိုင်သူများဖြစ်ခြင်း..

၃။ ၀င်ငွေရအောင်အလုပ်လုပ်သူနည်းပါးပြီး ၀င်ငွေ၊ ထုတ်ကုန်မရှိပဲနဲ့ ကျွေးမွေးထားရသူတွေ အလွန်များခြင်း။ အလုပ်အကိုင် မဖန်တီးပေးနိုင်ခြင်း၊ လူသားများကို အလုပ်ကျိုးစားလုပ်တတ်အောင်၊ စုဆောင်းတတ်အောင်၊ တိုးပွားအောင်လုပ်တတ်အောင် မသင်ကြားပေးနိုင်ခြင်း..

၎။ ဆိုရှယ်လစ်ခေတ်နဲ့ န၀တ၊ နယက ခေတ်တွေရဲ့ ဆိုးမွေဖြစ်တဲ့ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေကို လုပ်ကိုနိုင်တဲ့သူအလွန်နည်းပါးခြင်း၊ လုပ်ငန်းငယ်လေးတွေကိုလည်း ရှင်သန်အောင် မဆောင်ရွက်ပေးနိုင်ခြင်း၊ အရင်းအနှီးရနိုင်မှုနှင့် ရှင်သန်နိုင်မည့်ပတ်ဝန်းကျင်အခြေအနေ ဆိုးရွားခြင်းကြောင့် ညစ်ညမ်းပြီး ငွေရလွယ်သည့်အလုပ်များသာများလာရခြင်း..

၅။ အခြေခံ စားသောက်ကုန်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကအစ အခြား စက်ပစ္စည်းကရိယာများအထိ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ကိုင်နိုင်တော့ပဲ အားလုံးကို အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ ထိုင်း၊ စက်ာပူ၊ မလေးရှားအပေါ်မှီခိုနေရခြင်း။ ဒီနိုင်ငံတွေကလည်း မြန်မာနိုင်ငံ ခေါင်းထောင်မလာအောင် နည်းမျိုးစုံနှင့်လုပ်နေခြင်း..

၆။ ဆိုရှယ်လစ်ခေတ်မှာ ဆိုရှယ်လစ်အယူဝါဒနဲ့ နိုင်ငံကို ထူထောင်ခဲ့သော်လည်း အခုခေတ်တွင် Political အယူဝါဒ ပြောက်ဆုံးနေခြင်း။ အယူဝါဒ ပျောက်ဆုံးမှုကြောင့် အစိုးရ Policy များ၊ ရယ်ဖွယ်သာဖြစ်နေခြင်း။ အုပ်ချုပ်ရေး ယန္ထယားကြီးတစ်ခုလုံးမှာ ချ အုံကြီးသာဖြစ်နေခြင်း..

၇။ လက်ရှိအုပ်ချုပ်နေသော အစိုးရ ၀န်ကြီးဌာနများမှာ ကမောက်ကမဖြစ်နေပြီး၊ ကိုယ့်နေရာတည်မြဲရန်သာလုပ်ကိုင်နေကြခြင်း၊ ငွေကြေးသုံးစွဲရန်စနစ်မရှိသဖြင့် လူသားအရင်းအမြစ်တိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံရပ်ခြားတိုင်းပြည်များ၏ အလှုငွေကိုသာ သူတောင်းစားများကဲ့သို့တောင်းခံနေရခြင်း။ အစိုးရပိုင်းတာဝန်ရှိသူများအနေနှင့် မည်သည့် Initiative ကိုမျှမလုပ်နိုင်ပဲ၊ ပုဂ္ဂလိက လုပ်ငန်းရှင်လေးများနှင့် လက်ဝါးရိုက်သာ ကိုယ်ကျိုးရှာသူများဖြစ်လာခြင်း

၈။ လက်ရှိအုပ်ချုပ်နေသူများသည် Micro Level ကိုသာနားလည်ပြီး ပိုမိုကျယ်ပြန့်သည့် Strategic Level အတွက် ကျယ်ပြန့်သော အမြင်မရှိခြင်း။ အသင်းအဖွဲ့များသာများလာသော်လည်း ထိထိရောက်ရောက် အကောင်အထည်ဖေါ်နိုင်သည့် လုပ်ငန်းမရှိခြင်း။ ရည်ရွယ်ချက်မတိကျခြင်း၊ ရံပုံငွေမရှိခြင်း၊ Focal Point မရှိခြင်း။ ပြောတာတစ်မျိုး၊ လုပ်တာတခြားစီသာဖြစ်နေခြင်း..

၉။ မြန်မာစာပေကြောင့် ခွဲခြမ်းစိတ်ဖြာမှုများ မလုပ်နိုင်တော့ပဲ လူသားတို့၏ နားလည်သဘောပေါက်နိုင်မှုများ နှင့် စွမ်းရည်များ ဆိတ်သုန်းကုန်ခြင်း။ မတိကျသော Law များ၊ By Law များ၊ Regulation များကြောင့် Law enforcement ကို လုပ်သည့် Police အဖွဲ့အစည်းများမှာ ဖေါက်ပြန်၍ ဂုဏ်သိက္ခာမရှိသော အဖွဲ့အစည်းများဖြစ်ကုန်ခြင်း။

၁၀။ လူတစ်ဦချင်း၊ လူ့အဖွဲ့အစည်းနှင့် အစိုးရအဖွဲ့၏ "ရည်ရွယ်သည့်အကြောင်း" (Purpose) ပျောက်ကွယ်နေခြင်းတို့ကြောင့်ဖြစ်သည်။

အထက်ပါအချက်တို့ကြောင့် မြန်မာနိုင်ငံသည် "ကျား" ဖြစ်မလာနိုင်ပါ။ သို့သော် ကျွန်ုပ်တို့မှာ ပြုပြင်လို့ရမဲ့နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကလည်း ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ ဘာတွေပြုပြင်ရမလဲဆိုတာ သိလိုရင် ပြောပြပါမယ်။

Su Tin (April-24-2013)


အားလို့ သေတဲ့ မသာဆိုတာ လောကမှာ မရှိပါဘူး

အာဝေဏိကဂုဏ်တော် ၁၈-ပါး ဘုရားရှိခိုး



၁။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
၂။ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
၃။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။

ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော-
၎။ သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
၅။ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
၆။ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော-
၇။ နတ္ထိ ဆန္ဒဿ ဟာနိ။
၈။ နတ္ထိ ဝီရိယဿ ဟာနိ။
၉။ နတ္ထိ ဓမ္မဒေသနာယ ဟာနိ။
၁၀။ နတ္ထိ သမာဓိဿ ဟာနိ။
၁၁။ နတ္ထိ ပညာယ ဟာနိ။
၁၂။ နတ္ထိ ဝိမုတ္တိယာ ဟာနိ။

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော-
၁၃။ နတ္ထိ ဒဝါ။
၁၄။ နတ္ထိ ရဝါ။
၁၅။ နတ္ထိ အပ္ဖုဋံ။
၁၆။ နတ္ထိ ဝေဂါယိတတ္တံ။
၁၇။ နတ္ထိ အဗျာဝဋမနော။
၁၈။ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။

ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတံ ဗုဒ္ဓံ ဘဂဝန္တံ အဟံ ဝန္ဒာမိ။

၁။ အတီတံသေ-ရှေးရှေးဘဝ, ရှေးကာလဝယ်, ဖြစ်ကြလေ ငြား, တရားအထု, အစုစု၌၊
ဗုဒ္ဓဿ ဘဂဝတော-အလုံးစုံကို, အကုန်သိမြင်, ဘုရားရှင်၏၊
အပ္ပဋိဟတံ-အဝိဇ္ဇာမှ, စ၍များစွာ, ကိလေသာတို့, မကွယ်ကာနိုင်, မတားနိုင်သော၊
ဉာဏံ-သဗ္ဗညုတ, မည်နာမဖြင့်, ဓမ္မထိပ်သီး, ဉာဏ်တော်ကြီးလည်းကောင်း။

၂။ အနာဂတံသေ-နောက်နောက်ဘဝç နောက်ကာလဝယ်ç ဖြစ်ရချေမည့်ç ရှိရှိသမျှç ဓမ္မအထုç အစုစု၌၊
ဗုဒ္ဓဿ ဘဂဝတော-အလုံးစုံကိုç အကုန်သိမြင်ç ဘုရားရှင်၏၊
အပ္ပဋိဟတံ-အဝိဇ္ဇာမှç စ၍များစွာ, ကိလေသာတို့, မကွယ်ကာနိုင်, မတားနိုင်သော၊
ဉာဏံ-သဗ္ဗညုတ, မည်နာမဖြင့်, ဓမ္မထိပ်သီး, ဉာဏ်တော်ကြီး လည်းကောင်း။

၃။ ပစ္စုပ္ပန္နံသေ-ယခုဘဝ, ခုကာလဝယ်, ဖြစ်ကြလေငြား, တရားအထု, အစုစု၌၊
ဗုဒ္ဓဿ ဘဂဝတော-အလုံးစုံကို, အကုန် သိမြင်, ဘုရားရှင်၏၊
အပ္ပဋိဟတံ - အဝိဇ္ဇာမှ, စ၍များစွာ, ကိလေသာတို့, မကွယ်ကာနိုင်, မတားနိုင်သော၊
ဉာဏံ-သဗ္ဗညုတ, မည်နာမဖြင့်, ဓမ္မထိပ်သီး, ဉာဏ်တော်ကြီးလည်းကောင်း။

ဣမေဟိ တီဟိ ဓမ္မေဟိ-ဂုဏ်တော်တရား, ဤသုံးပါးတို့နှင့်၊
သမန္နာဂတဿ-ကောင်းစွာကုံလုံ, ပြည့်စုံတော်မူသော၊
ဗုဒ္ဓဿ ဘဂဝတော-အလုံးစုံကို, အကုန်သိမြင်, ဘုရားရှင်၏။--

၎။ သဗ္ဗံ ကာယကမ္မံ-ကိုယ်တော်ဖြင့်ပြု, အစုစုအဖုံဖုံ, ကာယကံ အလုံးစုံသည်၊
ဉာဏပုဗ္ဗင်္ဂမံ-ကြောင်းကျိုးစုံလင်, သိမြင်သောအား, ဉာဏ်တော်များက, ရှေ့သွားလျက်သာ, ရှိပါပေ၏၊
ဉာဏာနုပရိ ဝတ္တံ-ဉာဏ်တော်နောက်၌, ကာယကံလိုက်၍, သိုက်မြိုက်သာယာ, ဖြစ်တော်မူတတ်ပါပေ၏။

၅။ သဗ္ဗံ ဝစီကမ္မံ-နှုတ်တော်ဖြင့်မြွက်, အဆက်ဆက်အဖုံဖုံ, ဝစီကံအလုံးစုံသည်၊
ဉာဏပုဗ္ဗင်္ဂမံ-ကြောင်းကျိုးစုံလင်, သိမြင် သောအား, ဉာဏ်တော်များက, ရှေ့သွားလျက်သာ, ရှိပါပေ၏၊
ဉာဏာနုပရိဝတ္တံ-ဉာဏ်တော်နောက်၌, ဝစီကံလိုက်၍, သိုက်မြိုက် သာယာ, ဖြစ်တော်မူတတ်ပါပေ၏။

၆။ သဗ္ဗံ မနောကမ္မံ-စိတ်တော်ဖြင့်ကြံ, အတန်တန်အဖုံဖုံ, မနောကံအလုံးစုံသည်၊
ဉာဏပုဗ္ဗင်္ဂမံ-ကြောင်းကျိုးစုံလင်, သိမြင် သောအား, ဉာဏ်တော်များက, ရှေ့သွားလျက်သာ, ရှိပါပေ၏၊
ဉာဏာနုပရိဝတ္တံ-ဉာဏ်တော်နောက်၌, မနောကံလိုက်၍, သိုက် မြိုက်သာယာ, ဖြစ်တော်မူတတ်ပါပေ၏။

ဣမေဟိ ဆဟိ ဓမ္မေဟိ-ဂုဏ်တော်တရား, ဤခြောက်ပါး တို့နှင့်၊
သမန္နာဂတဿ-ကောင်းစွာကုံလုံ, ပြည့်စုံတော်မူသော၊
ဗုဒ္ဓဿ ဘဂဝတော-အလုံးစုံကို, အကုန်သိမြင်, ဘုရားရှင်၏။--

၇။ ဆန္ဒဿ-ဝေနေယျာအများ, ကျိုးစီးပွားကို, လိုလားရှုမြှော်, ဆန္ဒတော်၏၊
ဟာနိ-ဆုတ်ယုတ်နည်းပါး, လျော့သွားခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ်နေရာဟု, မှတ်စရာကြည့်လေ, မရှိ ပါချေတကား။

၈။ ဝီရိယဿ-ဝေနေယျာအများ, ကျိုးစီးပွားကို, လိုလားရှုမြှော်, လုံ့လတော်၏၊
ဟာနိ-ဆုတ်ယုတ်နည်းပါး, လျော့သွားခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ်နေရာဟု, မှတ်စရာကြည့်လေ, မရှိ ပါချေတကား။

၉။ ဓမ္မဒေသနာယ-ဝေနေယျာအများ, ကျိုးစီးပွားကို, လိုလားရှုမြှော်, တရားဟောတော်မူခြင်း၏၊
ဟာနိ-ဆုတ်ယုတ် နည်းပါး, လျော့သွားခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ် နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

၁၀။ သမာဓိဿ-သမာပတ်ဈာန်, အဘိညာဏ်ကို, ဝင်စံ၍ လျှင်, နေ့စဉ်မွေ့လျော်, သမာဓိတော်၏၊
ဟာနိ-ဆုတ်ယုတ် နည်းပါး, လျော့သွားခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ် နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

၁၁။ ပညာယ-သိဖွယ်မှန်က, မကျန်ရအောင်, မုချပိုင်ပိုင်, သိမြင်နိုင်သော ဉာဏ်ပညာတော်၏၊
ဟာနိ-ဆုတ်ယုတ်နည်းပါး, လျော့သွားခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ်နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

၁၂။ ဝိမုတ္တိယာ-ကိလေသာအသီးသီး, လွတ်မြောက်ပြီး၍, ဖိုလ်ကြီးဖိုလ်မြတ်, အရဟတ်၏၊
ဟာနိ-ဆုတ်ယုတ်နည်းပါး, လျော့သွားခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ်နေရာဟု, မှတ် စရာကြည့်လေ, မရှိပါချေတကား။

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ-တစ်ဆယ့်နှစ်ပါးç ဤဂုဏ်တော် တရားတို့နှင့်၊
သမန္နာဂတဿ-ကောင်းစွာကုံလုံ, ပြည့်စုံတော်မူသော၊
ဗုဒ္ဓဿ ဘဂဝတော-အလုံးစုံကို, အကုန်သိမြင်,ဘုရား ရှင်၏။--

၁၃။ ဒဝါ-အကျိုးမဖက်, သက်သက်အပျော်, မလျော်လေဘိ, ပြုမိသော အလုပ်သည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ်နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

၁၄။ ရဝါ-အဆောတလျင်, မဆင်ခြင်ဘဲ, ရှောင်တခင်ဟု, ပြုမိသော အလုပ်သည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ်နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

၁၅။ အဖုဋံ-ဉာဏ်ဖြင့်တိတိ မထိ မသိအပ်သော အမှုသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ်နေရာဟု, မှတ်စရာကြည့်လေ, မရှိပါ ချေတကား။

၁၆။ ဝေဂါယိတတ္တံ-ကိစ္စကြုံဘိ, ပြုဖွယ်ရှိသော်, ပျာယိပျာယာ, ဗျာပါမကင်း, ဖြစ်တတ်ခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ် နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

၁၇။ အဗျာဝဋမနော-အကျိုးမရှိ, တွေးမိရာတွေး, သေးမိ ငေးလျက်, အသေးအမွှား, စိတ်နေစိတ်ထားသည်၊
နတ္ထိ-ဘယ်ချိန် ဘယ်ခါ, ဘယ်နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

၁၈။ အပ္ပဋိသင်္ခါနုပေက္ခာ-မောဟတွက်သာ, ဉာဏ်မပါဘဲ, ဥပေက္ခာပြု, လျစ်လျူရှုခြင်းသည်၊
နတ္ထိ-ဘယ်ချိန်ဘယ်ခါ, ဘယ် နေရာဟု, မှတ်စရာကြည့်လေ, မရှိပါချေတကား။

ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ-တစ်ဆယ့်ရှစ်ပါး, နယ်သီးခြား လျက်, အများမကြုံ, ဤဘုရားဂုဏ်တော်တို့နှင့်၊
သမန္နာဂတံ-ကောင်းစွာကုံလုံ, ပြည့်စုံတော်မူသော၊
ဗုဒ္ဓံ-သိရန်မှန်က, မကျန်ရ အောင်, ဆုံးစကုန်စင်, သိမြင်တော်မူသော၊
ဘဂဝန္တံ-ဘုန်းတော် ကံတော်, ရွှေဉာဏ်တော်ဖြင့်, ထင်ပေါ်ကျော်ကြား, ရှင်တော် ဘုရားကို၊
အဟံ-ဘုရားတပည့်တော်သည်၊ ဝန္ဒာမိ-ရိုသေမြတ်နိုး, လက်အုပ်မိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ ---

***အာဝေဏိကဂုဏ်တော် ၁၈-ပါး ဘုရားရှိခိုး ပြီးပြီ။***

တရား အဆုံးအမများ




သာဓုခေါ်ပေးနိုင်ကြဖို့ပါ .

ဗုဒ္ဓ၀င် ဇာတ်တော်ထဲမှာ ရွှေမန်းတင်မောင်
သုဒ္ဓေါဓန မင်းကြီးက မယ်တော်တော် မာယာ
ဒေ၀ဒဟ ကို သွားချင်လို့ ပူဆာတော့ တားမြစ်တယ်။
မိဘုရားကြီးက ဇွတ်သွားမယ်လုပ်တော့
စိတ်ဆိုးပါလေရော . . .။
မျက်မာန်ရှမယ် ကြံတုန်း ကိုယ်ဝန်ကြီးကို သတိရပီး စိတ်လျော့။
သွားခွင့်ပြုတော့ မယ်တော်မာယာက ကန်တော့။
ဒီတော့ ရွှေမန်းတင်မောင် သုဒ္ဓေါဓန မင်းကြီးက ဆုပေးရာမှာ
" အေး အစစ အပြစ်ရှိသမျှ အန၀ဇ္ဇာနိ
မောင်တော် ခွင့်လွှတ်မယ် နှမရယ် . . " လို့
အမိန့်ရှိလိုက်တယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

မင်္ဂလာ တရားတော်မှာ အန၀ဇ္ဇာနိ ကမ္မာနိ
မကောင်းမှုမှ ကင်းသော အပြစ် ကင်းသော
အမှု ကိစ္စကို လုပ်ဆောင်ဖို့။
ထိုထက် . . . ပြုမယ်ကြံသော အပြစ်ကို မကောင်းမှုကို
မတွေ့ခင်က ရှောင်ကျဉ်ပီး တွေ့ကြုံလာရင် မလွန်ကျူးဖို့
ဆိုဆုံးမ ထားပါတယ်။ အဲဒါမှ မင်္ဂလာ ပေကိုး . . ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ကိုယ့်အပေါ် ဘယ်သောအခါမှ မကောင်းတာ မှန်သမျှ
မတွေး မကြံ မပြော မလုပ်တဲ့
ကျေးဇူးရှင်ဖခင်ကြီး သခင်တင်ဦးနဲ့
ခင်ပွန်းကြီးဆယ်ပါး စာရင်းဝင်
ဘဘ အထောက်တော် ဦးလှအောင် တို့အပေါ်
စိတ်အထင်မှားဘွယ်ရာ တစ်ခု ကြုံတွေ့ရပါတယ်။

အကုသိုလ်ကို စေ့ဆော် ဖြစ်ပေါ်စေသူတို့ကြောင့်
ငါလည်း မသိ၊ မြန်မာပြည်မှာသော်မှ ငါလည်းမရှိ၊
ငါလည်းဘာမှ မကျူးမလွန် မဖြစ်ခဲ့တဲ့ ကိစ္စကို
အဖေနဲ့ ဘဘက ဒီလိုပြောသလား ဆိုတဲ့ အတွေးနဲ့
ရုတ်တရက် စိတ်နလုံး မချမ်းမြေ့စွာ ခံစားမိရင်းက . . .

ဘဘ ဦးလှအောင် ကတော့ ဘ၀တစ်ပါး ပြောင်းသွားပီးမို့
ဘာမှ မပြောသာတော့ သော်ငြား
သက်ရှိထင်ရှား အဖေ့ကို ဒေါသစိတ်နဲ့
မေးမိ မလို ဖြစ်ခဲ့ရပါတယ် . . ။
ဒေါသစိတ်နဲ့ ပြောမယ် ဆိုမှ တော့လည်း
ကိုယ် အမူအရာလည်း ရုတ်ရင်း ကြမ်းတမ်းသွားမှာပါပဲ။

အဖေ့ဆီ ရောက်ခါနီးကာမှ ရွှေတိဂုဏ်စေတီကြီး ဖူးမြင်မိလို့
အော် . . မိဘ နဲ့ ခင်ပွန်းကြီးဆယ်ပါးကို ရိုသေစွာ
လုပ်ကြွေး နေတဲ့ငါက တစ်ပါးသူ ကလေ က၀ ပြောဆိုတာနဲ့
ပစ်မှား မိတော့ မှာပါ ကလားလို့ သတိစိတ် ၀င်မိပါတယ်။

ထိုသောအချိန်မှာပဲ ဘုရားနှင်တကွ
ခင်ပွန်းကြီးဆယ်ပါးကို ဦးတင် ရှိခိုးမိပါတော့တယ်။
အဖေ့ဆီရောက်သွားတဲ့ အခါမှာလည်း ငြိမ်းချမ်းစွာနဲ့
ဖြစ်စဉ်ကို ပြောပြရင်း အဖေ့ကို ကန်တော့လို့
အဖေ ပေးတဲ့ မေတ္တာ ဆုတွေကို ခံယူမိရပါတော့တယ် . . ။

ခင်ပွန်းကြီးဆယ်ပါးသည် သား သမီးတို့၏ အကျိုးစီးပွာကို
အစဉ် ထာဝရ အလိုရှိကြသည်သာလျှင်တည်း . . ။
စိုးစဉ်းမျှ မပြစ်မှား မိကြပါစေနှင့်။
ဘယ်သူ့ကြောင့်ဖြစ်စေ မိမိ ကံ သုံးပါးမှာ ဖြစ်တဲ့
ကုသိုလ် အကုသိုလ် ကံ ဆိုသည်က
မိမိ ရဲ့ ကံသာလျင် ဖြစ်ပါတယ် ။ မိမိပဲ ပြန် ခံစားရမှာပါ။

တစ်ပါးသူ မလိုတမာ ရက်စက် ယုတ်မာမှုကို နားယောင်လို့
ခင်ပွန်းကြီးဆယ်ပါးကိုများ အပြစ်မြင်ပြီး စော်ကားမိခဲ့ရင်
မိမိသာလျှင် ကံကြီးထိုက်လို့ ငရဲကျပြီး ၀ဋ်ခံရတော့မည်။
" စေ့ဆော်သော အကုသိုလ်ပြုမူ သူတို့ကား
ငရဲ ၀ဋ်ကြွေးသည် သူတို့၏ အကြောင်း တရားပင် ဖြစ်ခြိမ့်မည်။
ငါကား သူတော်ကောင်းတို့ အဆုံး အမဖြင့်
တည်သောသူ ဖြစ်မူကား သတိလွတ်၍ ငရဲ မယူပြီ။ "
အဲသည် သတိ အချိန်မီဝင်၍ အကုသိုလ်မှ
အချိန်မီ လွတ်ခဲ့ရုံမျှမက ကုသိုလ်စိတ်ပင် ပွားရပါသည်။

ဖခင်ကြီးအား ဦးချ ကန်တော့၍ သစ္စာပြုမိပါသည်။
ခင်ပွန်းကြီးဆယ်ပါးသည် ကျေးဇူးကြီးသည်မှန်ပါ၏။
ဖခင်၏ ကျေးဇူး အနန္တသည် ဆပ်၍မကုန်သည်မှာ မှန်ပါ၏။
ငါသည် မိခင် ဖခင် တို့အား ဖြူစင် သန့်ရှင်းသော
တရားသဖြင့်သော စီးပွားဖြင့် ယနေ့တိုင်
လုပ်ကြွေးပြုစုသည်မှာ မှန်ပါ၏။

ဤမှန်သော သစ္စာတရားသည်
ဝဋ်ကြွေး ဒုက္ခအပေါင်းမှ လွတ်မြောက်ရာအမှန်
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း အကြောင်းတရား
ဖြစ်ရပါစေသတည်း . . .။

အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်လော . . . ။


ပညာရှိ

မြင်နိုင်ရန် အလွန် ခဲယဉ်း၊ အလွန် သိမ်မွေ့၍၊
မျိုးနွယ် နိမ့် မြင့်၊ သင့် မသင့်ကို ချင့်တွက် မရှိ၊
တွေ့မိ တွေ့ရာ ကာမဂုဏ်၌ ကျရောက်လေ့ရှိသော စိတ်ကို
ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံစွာ စောင့်ရောက်အပ်သော စိတ်သည် ချမ်းသာကို ဆောင်တတ်၏။
ဓမ္မပဒ အခန်း (၃) အပိုဒ် (၃၆) စိတ် တရားတော်။

Monday, May 13, 2013

တ သ သ ေ တ း စု မ်ာ း

ရေး - ထီလာ စစ်သူ
ဆို - ဆုတင်
တသသ ၆ တေးစု။
 
 
 
ရေး - ရှေးစာဆို
ဆို - ဆုတင်
တသသ ၁ တေးစု။
 
 
ရေး - အေ၀မ်း ဆရာညှာ
ဆို - ဆုတင်
တသသ ၄ တေးစု



ရေး - ရွှေပြည်အေး
ဆို - ဆုတင်
တသသ ၅ တေးစု
 
 
ရေး - ဂီတစာဆို မောင်မောင်လတ်
ဆို - ဆုတင်
တသသ ၅ တေးစု
 
 
ရေး - ဂီတနက်သန် ကိုစောငြိမ်း
ဆို - ဆုတင်
တသသ ၅ တေးစု
 
 
ရေး - ဂီတနက်သန် ကိုစောငြိမ်း
ဆို - ဆုတင်
တသသ ၅ တေးစု
 
 
 
ရေး = ရှေးလူရွှင်တော်ကြီး ဦးချစ်ဖွယ်
ဆို = ဆုတင်
တသသ ၄ တေးစု
 
 
 
ရေး - ထိပ်တင်စန်း ( မြို့မ )
ဆို - ဆုတင်
ပျော်ပျော်နေရအောင် တသသ သင်္ကြန်တေးစု
https://soundcloud.com/su-tin/pbk9wdblqewb#play
 
 
 
ရေး - ထိပ်တင်စန်း ( မြို့မ ) + ဆုတင်
ဆို - ဆုတင်
ပျော်ပျော်နေရအောင် တသသ သင်္ကြန်တေးစု
 
 

 
 
 
 
 
 
 
 
 
 

တ သ သ ေ တ း စု မ်ာ း

 ( ၁ ) ကျေးဇူးမေမေ
        ရေး - ဆုတင်
        ဆို - ဆုတင်
https://soundcloud.com/su-tin/rkqskszgqwp2#play

( ၂ ) မြတ်ဆရာ
       ရေး = စန္ဒယား ဦးအောင်ကိုး
       ဆို = ဆုတင်
      တေးဂီတ = စန္ဒယား ဦးငွေစိုး
https://soundcloud.com/su-tin/10-track-10#play

( ၃ ) ချစ်ပြုံးနှင်းဆီ
       ရေး - ဂီတနက်သန် ကိုစောငြိမ်း
       ဆို - ဆုတင်
      တသသ ၅ တေးစု
https://soundcloud.com/su-tin/10-track-10#play

( ၄ ) အချစ်နဲ.စစ်သား
      ဆို - ဆုတင်
https://soundcloud.com/su-tin/10-track-10#play

( ၅ ) ခေါင်မဟေတည်ထွန်း
       ရေး = လှည်းတန်း ဦးလူကလေး
      ဆို = ဆုတင်
      တသသ ၁ တေးစု
https://soundcloud.com/su-tin/aivejdmrjddt#play