ရှင်ဇယန္တ လူထွက်ပါပြီ . . ။
ရဟန်း ဘ၀ နှင့် စုစုပေါင်း ၁၁ ရက် တိတိ
မိဘကျေးဇူး ( ခင်ပွန်းကြီး ဆယ်ပါး ကျေးဇူး )
တတ်စွမ်းသမျှ ဆပ်ခဲ့ပါသည် . . ။
ပြုသမျှသော ကုသိုလ် အဖို့စု အားလုံးတို့အား
ယခုဘ၀ တွေ့ ကြုံ သိ ကျွမ်း ခင် မင် ရင်းနှီးကြကုန်သော
ပုဂ္ဂိလ် သတ္တ၀ါ အပေါင်းတို့ အားလည်းကောင်း
သံသရာ အဆက်ဆက်မှ
တွေ့ ကြုံ သိ ကျွမ်း ခင် မင် ရင်းနှီးကြကုန်သော
ပုဂ္ဂိလ် သတ္တ၀ါ အပေါင်းတို့ အားလည်းကောင်း
အမျှပေးဝေအပ်ပါသည် . . ။
အမျှရကြ၍ ကျန်းမာ ချမ်းသာ ၀မ်းသာကြသည်
မိမိတို့၏ သံသရာ ၀ဋ္ဋ်ဒုက္ခ အပေါင်းမှ
လွတ်မြောက်ရာ ခရီးပန်းတိုင်သို့ ရောက်ရှိကြကုန်သည်
ဖြစ်ကြပါစေကုန် သတည်း . . .။
မိမိပြုအပ်သော ကုသိုလ် အရပ်ရပ်တို့သည်လည်း
သံသရာ ၀ဋ္ဋ်ဒုက္ခ အပေါင်းမှ
လွတ်မြောက်ရာ ခရီးပန်းတိုင်သို့ ရောက်ရှိကြောင်း
အကြောင်းတရား ဖြစ်ပါစေကုန် သတည်း . . .။
အမျှ အမျှ အမျှ . . . ။

No comments:
Post a Comment