ငါ အားမှ တရား အားထုတ်မယ်
အားမှ အဆင်ပြေမှ မိဘနဲ့ ခင်ပွန်းကြီးဆယ်ပါးကို
ကျေးဇူးဆပ်မယ် ဆိုလို့ကတော့
မနက်ဖန်ထက် နီးနေနဲ့ သေခြင်းက
ကိုယ့် အလုပ်ကို အား မအား စောင့်မှာ မဟုတ်ပါဘူး . .။
မအားတဲ့ကြားထဲကပဲ သက်ရှိထင်ရှား ၉၂ နှစ် ဖခင်ကြီးနဲ့
လွန်ခဲ့သော ၂ နှစ်က ကွယ်လွန်သွားသော မိခင်ကြီးတို့ရဲ့
ကျေးဇူးများကို ကုသိုလ်ဘာဝနာများနဲ့ ဆပ်ဖို့
၂၀၀၃ ဧပြီ ၁၂ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်မှာ
ရဟန်းဘောင်သို့ ၀င်ခဲ့ ပါပြီ . . ။
၂၂၇ သွယ်သော သိက္ခာပုဒ်များနဲ့
ဘုရားသားတော် ဘ၀ ကို ခံယူလို့
တတ်နိုင်သမျှ အားထုတ်နေပါတယ် . . ။
ပြုသမျှကုသိုလ် မျှဝေယူလို့ ကျန်းမာချမ်းသာစွာဖြင့်
သံသရာခရီးခဲမှ လွတ်မြောက်နိုင်ကြပါစေ . .
ရှင်ဇယန္တ . . .
No comments:
Post a Comment