ချစ်တဲ့သူလို့ ဆိုတဲ့ မိန်းကလေးတစ်ယောက်က
ကိုယ့်အပေါ်မှာ မနိုင်ဝန်တွေ ထမ်းခိုင်းပြီဆိုရင်
အဖြေခက်စွာ အဓိပ္ပါယ်မဲ့တဲ့ မေးခွန်းတွေ မေးလာပြီး ဆိုရင်
အကြောင်းမဲ့တဲ့ ပြစ်တင်စကားတွေ ဆိုလာပြီ ဆိုရင်
အကြင်နာကင်းတဲ့ အပြု အမူ
အပြော အဆိုတွေ ရှိလာပြီ ဆိုရင် ...
ဝံပုလွေရှေ့က သိုးငယ်လေးလို
မင်းတို့တွေများ လည်စင်းလို့
တောင်းပန်စကားပြောဖို့ မကြိုးစားပါနဲ့တော့ . . .
သေချာပါတယ်
မင်းအပေါ် သူ မေတ္တာ မဲ့နေပြီ . . ။
ထိုထက်မက မင်းထက် ပိုလို့ ကြင်နာမယ့်သူ
သူ့မှာရှိနေလောက်ပြီ . .။
အောင်မြင်စွာ လမ်းခွဲဖို့သာ ပြင်ပါတော့ . . ။
မင်း မျက်ရည်ကျရမှာ သေချာတယ် . . ။
တစ်ချိန်က ခံစားခဲ့ဖူးတဲ့
ဦးဆု . . ။
No comments:
Post a Comment