Saturday, May 18, 2013

အချစ်မှတ်စု




အချစ်မှတ်စု ( ၁ )

ကိုယ့်အပေါ် တန်ဖိုး မထားတတ်သူကို
ချစ်ဖို့ မကြိုးစားကြပါနဲ့ . . ။

ကိုယ်က တန်ဖိုးရှိရင်
ကိုယ့်အပေါ် တန်ဖိုးထားပါလိမ့်မယ် . .။
တန်ဖိုးရှိအောင် ပြောဆို နေထိုင် ကျင့်ကြံ အားထုတ်ပါ။

ကိုယ့်အပေါ် တန်ဖိုးမထားတတ်သူ ဆိုရင်လည်း
ကိုယ့်အချစ်ကို တန်ဖိုးထားမှာ မဟုတ်လို့
ရှင်းရှင်းပဲ တိုက်တွန်း ပြောဆိုပါရစေ . .
သူ့ကို ချစ်ဖို့ မကြိုးစားပါနဲ့ . .။

တန်ဖိုးရှိတဲ့ အချစ် ဆိုတာ
စိတ်ရွှေငွေ ရာထူး စည်းစိမ် မဟုတ်ပါဘူး။
တန်ဖိုးထားတတ်တဲ့ စိတ်ဓါတ်
အပေါ်မှာသာ မူတည်ပါတယ် . . ။

တန်ဖိုးရှိတဲ့ အချစ်တွေရရှိနိုင်တဲ့
တန်ဖိုးရှိသောသူများဖြစ်နိုင်ကြပါစေ . .။


 အချစ်မှတ်စု ( ၂ )

ယောင်္ကျားကောင်း ပီသသော သူများအဖို့ . .
အားကိုးထိုက်တဲ့သူ ဖြစ်အောင်သာ ကြိုးစားပါ . .။
ခနတာ အထင်ကြီးခံရတာမျိုး မဖြစ်ပါစေနဲ့ . .။
ကိုယ့်အရည် အချင်း စစ်စစ်တွေနဲ့
ဘ၀ကို သရုပ်ဖေါ်ပါ . .။

သူဟာ ကိုယ့် ဘ၀အတွက် မရှိမဖြစ်လို့
ခံစားနေရပြီ ထင်နေပြီ သတ်မှတ်ပြီ ဆိုရင်
သေချာတယ် . .
မင်းရှုံးဖို့ ပြင်ပေတော့ . . ။

သူ့ ဘ၀အတွက်သာ ကိုယ်ဟာ
မရှိ မဖြစ် တန်ဖိုးရှိတဲ့သူ ဖြစ်ပါစေ . .။

တန်ဖိုးရှိစွာ အချစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ . .။

No comments:

Post a Comment