Showing posts with label ဆုတင်မှတ်စု. Show all posts
Showing posts with label ဆုတင်မှတ်စု. Show all posts

Sunday, June 30, 2013

ထူးထူးခြားခြား ဗဟုသုတများ




Buddhism . . .

Just as a solid rock not shaken by the storm,
even so the wise are not affected by praise or blame.

~ The Buddha ~

credit to Worldwide Buddhist Information and Education Network





ကျနော်တို့နိုင်ငံရဲ့ အချို့သော လူမှုရေး ကိစ္စတွေမှာ
အဖွဲ့ အစည်းတွေများ ဖွဲ့တော့မယ်ဆိုရင်
ခေတ်နောက်ကျမှာစိုးလို့နဲ့ တူပါရဲ့ . . ။
စေတနာ့ဝန်ထမ်းပါ ဆိုပြီး ပါချင်တဲ့သူ အလွန်များတတ်ပါတယ် . . ။
ငွေကြေး အာဏာ အခွင့်အရေးနဲ့
လူမြင်သူမြင် လူကြားသူကြား ပွဲတက်ရမယ့် အဖွဲမျိုးဆို
ပိုလို့တောင် ပါချင်ကြပါသေးတယ် . . ။

ပြင်ပမှာသာ အစိုးရအဖွဲ့ အာဏာပိုင် ဘာညာကိုလည်း
မကောင်းပြော ဝေဘန်နေရင်သာရှိမယ်
အဲသည် ၀န်ကြီးတွေ ဗိုလ်ချုပ်တွေနဲ့ အတူထိုင်ပြီး
တီဗွီထဲ သတင်းထဲ ပါရမယ့် အရေးဆို ပိုဆိုးသေး . . ။
ပီးတော့ ပြောလိုက်သေးတယ်
ငါက ဘယ်လူကြီးကိုတွေ့တော့ ဘယ်လို တွယ်လိုက်တာဆိုပဲ . .။

အဲ တစ်ကယ်တမ်း လုပ်ငန်းတွေ တာဝန်ယူပြီး
လုပ်ကြ ကိုင်ကြရတော့မယ် ဆိုရင်တော့
စည်းဝေး ၂ ကြိမ်ကနေ ၃ - ၄ ကြိမ်ဆို ပျောက်သွားကြပြီ . . ။
ဘာဘာ ညာညာ မအားလို့ ဆိုတဲ့
ဆင်ခြေတွေ များတတ်လာကြတယ်။
ခရီးစားရိတ် အစရှိတဲ့ ကိုယ့်အိပ်ထဲက
ငွေကြေးစိုက်ထုတ်ရမှုတွေ ပါလာရင်
ပိုလို့တောင် ဆိုးပါသေးတယ် . . ။
ပေါ်ကို မလာတော့ဘူး . . .။

ကျားဖမ်းမယ် ဆင်ဖမ်းမယ် စကားတွေပြောရင်း
တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ ရာထူးနဲ့ အားစိုက်ထုတ်ရမှု
အစရှိတာတွေကို ကွဲကွဲပြားပြား
မမြင်တတ် မကြည့်တတ်သေးတဲ့သူတွေလည်း
အများအပြားရှိကြပါသေးတယ် . . ။
မိမိ အားနည်းချက်ကြောင့် အဲသည် အဖွဲ့ထဲ မပါသည့်တိုင်
နောက်ကွယ်ကနေ ဘေးထိုင် ဘုပြောတွေလည်း အများကြီးပါပဲ . . ။

အဲသည် ဓလေ့စရိုက်ဟာ
အချို့သော လူငယ်တွေအကြား စီးဝင်တဲ့အခါ
လူမှုရေး ဘာသာရေး နိုင်ငံရေး အကြောင်းအရာပေါင်းစုံနဲ့
အဖွဲ့အစည်း ပေါင်းစုံကို တက်ကြွတဲ့စိတ်တွေနဲ့ ပါဝင်ကြသော်ငြား
မိမိတို့ရဲ့ ၀မ်းစာ အချိန်ကို စီမံခန့်ခွဲ့ခြင်း
အဓိက သာမည ဝေခွဲတတ်မှု
ကာလံဒေသံ လျော်ညီစွာ ၀တ်စားနေထိုင်
ပေါင်းသင်း ဆက်ဆံတတ်မှု
ရုံးလုပ်ငန်း စည်းမျဉ်း စည်းကမ်း နားလည်မှု
အတွေ့အကြုံ အစရှိတာတွေနဲ့
အခက်အခဲတွေ ရင်ဆိုင်ကြရတော့တာပါပဲ . . . ။

ကျနော့်အနေနဲ့ကတော့ အဲသည်လို
လူမှုရေး အဖွဲ့အစည်းများနဲ့ စေတနာ့ဝန်ထမ်း
ပါဝင် လုပ်အားပေး တာဝန်ယူ အလုပ် လုပ်တော့မယ် ဆိုရင် . . .

မိမိတို့ရဲ့ ပေးနိုင်မယ့် အချိန်၊ မိမိရဲ့ မိသားစု အခြေအနေ၊
ခရီးစားရိတ်ကအစ မိမိဘက်က စိုက်ထုတ်နိုင်မှု၊
တာဝန်ယူရမယ့် ကာလတစ်လျှောက် မိမိရဲ့ စီးပွားရေးအခြေအနေ၊
သူရဲကောင်းဝါဒ ကင်းရှင်းစွာနဲ့
ပူးပေါင်း ဆောင်ရွက်နိုင်သော စိတ်နေစိတ်ထား၊
ကာလံ ဒေသံ အလိုက်ပြေပြစ်စွာ ပြောဆို လုပ်ကိုင် နိုင်မှု၊
အဓိက ကတော့ မိမိတကယ် တတ်ကျွမ်း လုပ်ဆောင်နိုင်ပြီး
တိတိကျကျ တာဝန်ယူနိုင်တဲ့ ဘာသာရပ်၊
အစရှိတဲ့ အရည်အချင်းတွေကို ပြင်ဆင် လေ့လာ
ကြိုတင်စဉ်းစားပြီးမှ ဂတိခံ တာဝန်ယူလို့
လုပ်ဆောင်သင့်ပါကြောင်း . . . .

တကယ် အလုပ်လုပ်နေကြရသော စေတနာရှင်
ပညာရှင် နှင့် ဘာသာရပ်ဆိုင်ရာ တတ်စွမ်းကြသူများ
အနှောင့်အယှက် မဖြစ်ကြရစေခြင်းငှာ အကြံပြုချင်ပါတယ် . . ။

မြန်မာ့လူမှု အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်၍
မြန်မာ့ လူမှုအကျိုးများ ဆထက်တိုး
စွမ်းဆောင်နိုင်ကြပါစေခင်ဗျား . . .။

ဆုတင် . . . ။



 


မိတ်ဆွေ....
သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။
ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို
ချမနင်းချေ မိပါစေလင့်။

သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကို
တန်ဖိုးမဲ့ သွားလောက်အောင် မဖြစ်ပါစေလင့်။

သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။
ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့
အောင်မြင်မှုမျိုးမဖြစ်ပါစေလင့်။

သင့်မှာ အငြင်းခုန်ခွင့်အပြည့်ရှိတယ်။
ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုး
အဆင့်ရောက်အောင် မကျူးလွန်မိပါစေလင့်။

သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။
ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာတဲ့
ပျော်ရွှင်မှုမျိုးမဖြစ်ပါစေလင့်။

credit to ဘဝကျောင်းဖတ်စာ



ရတောင့် ရခဲ လူ့ ဘ၀မှာ
လူ့ တန်ဖိုး ထိုက်တန်စွာ
လူ့တန်ဖိုးရှိအောင် နေထိုင် ကြိုးစား
အားထုတ်သွားကြတဲ့သူတိုင်း
သူတို့ ဘ၀ရဲ့ အောင်မြင်မှုကို ရသွားကြတယ် မထင်ပါနဲ့ . . ။

အောင်မြင်မှုလို့ ဆိုတိုင်း တန်ဖိုးရှိတာမှ မဟုတ်တာ . . ။

ဆုတင် . . ။



မိတ်ဆွေ . . .
ဖေ့ဘုတ် သုံးရင်း တစ်ဦး တစ်ယောက် ရေးလိုက်တဲ့စာ တစ်ခုခုကို
မကြေမနပ် ဝေဘန်တော့ မလို့လားဗျာ . . . ။

ခန လေးပါဗျာ၊ ခန လေး . . .။
သူရေးထားတဲ့ စေတနာ သူ့ ရှုထောင့်နဲ့
သူ့ အခြေအနေ သူ့ သဘောထား
သူ့ ဆိုလိုရင်းလေး အရင် သဘောပေါက်အောင်
သင့်ရဲ့ အခြေခံ မာန် မာနစိတ်တွေ ခနလေးအောင့်ထားပြီး
ထပ်ဖတ်ကြည့်လိုက်ပါဦး . . .။

သင်ရေးမည့် စာကို မရေးမီလေး
အရင် စဉ်းစားလိုက်ပါဦးလား . . ။
မိတ်ဆွေ စာဖတ်သူတွေအတွက် ကုသိုလ် ပညာ ရစေမယ့်
ဝမ်းသာကြစေမယ့် အကျိုးရှိတဲ့ ဗဟုသုတတွေ ရှိတဲ့ မင်္ဂလာရှိတဲ့
ကြည်နူးပျော်ရွှင်ဖွယ်ကောင်းလှတဲ့ စာတွေကို
သင်ရေးတော့မယ် ဆိုတာကိုလေ . . .။

အဲသလို တွေးပြီး သင့်ကိုသင် မင်္ဂလာရှိသော
စိတ်နှလုံးကောင်းနဲ့လူလို့ ခံယူပြီးရင်
ရေးလိုက်ပါတော့ . . . ။

ကျနော် အပါအ၀င် မိတ်ဆွေများက ကြည်နူး ၀မ်းမြောက်စွာ
သင်ရေးတာတွေကို ဖတ်ဖို့ အဆင်သင့် ရှိနေမှာပါ . . . ။

ခင်မင်စွာ

ဆုတင် . . .။



ထူးထူးခြားခြား ဗဟုသုတများ
( ဆုတင် မှတ်စု )

(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ
အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။

(၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့
မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို.
ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု
ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။

(၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့
ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ
စားပွဲတင်သားလှီးဓါး အ၀ိုင်းကို စတင်အသုံးပြုစေခဲ့တာပါ ။
ဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ
သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။

(၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ
ဝိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ်
ဒီဇင်ဘာလ ၂၁ ရက်နေ.မှာသိမ်းပိုက်နိုင်ခဲ့ပါတယ် ။
အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က
မြို.တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့် မြို.တွင်းမှထွက်ခွာနိုင်တယ် ။
ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော
မည်သည့်အရာကိုမဆို သယ်ဆောင်သွားနိုင်သည် … လို.
တရားဝင် အမိန်.ကြေငြာခဲ့တယ် ။
အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို.
မိတ်ဆွေတို. ထင်ပါသလဲ …
သူတို.ရဲ့ လင်ယောက်ျားတွေ ကို
ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ ……

(၅) ဖဲချပ်မှာပါတဲ့ King တွေဟာ
သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ် …။

(၆) ပါရှားပြည် (အီရန်) ကို ၁၂၉၁ မှ ၁၂၉၅ ထိ စိုးစံခဲ့တဲ့
ကန်ဂျာတူး ဘုရင်ကို သူ.ရဲ့ တိုင်းသူပြည်သားတွေက
နန်းချပြီး လည်မျို ညစ်သတ်တာခံခဲ့ရပါတယ် ။
ဘာကြောင့်လည်းဆိုတော့ သူက ငွေစက္ကူကို
စတင်အသုံးပြုဖို. စီစဉ်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ် ။

(၇) ပရပ်ရှား ပြည်က မြို.စားကြီးအဲလ်ဘတ်နဲ့
မြို.စားကတော် အန်နာမာရီယာ တို.ကို
တစ်နှစ်ထဲ တစ်လထဲ တစ်ချိန်ထဲ
၁၅၀၁ ခုနှစ် မေလ (၂၀) ရက်နေ.မှာ မွေးဖွားခဲ့ပါတယ် ။
မွေးဖွားတဲ့ အချိန်နာရီကလည်း အတူတူပါပဲတဲ့ ။
သေဆုံးတဲ့အခါမှာလည်း တစ်နှစ်ထဲ တစ်လထဲ တစ်နေ.ထဲပါပဲ …
၁၅၆၈ ခုနှစ် မတ်လ (၂၀) ရက်နေ.မှာ သေဆုံးခဲ့ပါတယ် ။
သေဆုံးချိန်ကလည်း အတူတူပါတဲ့ ခင်ဗျ ။
( တော်တော် စိတ်ကူးယဉ်ဆန်တယ်နော် … )

(၈) ပြင်သစ်ပြည်ရဲ့ အဌမမြောက် ချားလ်စ် ဘုရင်(၁၄၇၀ – ၁၄၉၈) ဟာ
အဆိပ်ခတ်ခံရမှာ အလွန်ကြောက်တဲ့အတွက်
အစားသောက်ကို နည်းနည်းလေးပဲ စားခဲ့တဲ့အတွက်
အာဟာရချို.တဲ့ပြီး သေဆုံးခဲ့ရပါတယ်တဲ့ …
( ကြောက်ရင် နှစ်ခါသေရတယ်နော် …
ဘုရင်ငတ်ပြတ်လို.သေတာ ကြားလို.တောင်မကောင်းဘူး …)

(၉) ရုရှားပြည်ရဲ့ ဧကရီဘုရင်မ ပထမမြောက်
အယ်လစ်ဇဘတ် (၁၇၀၉ – ၁၇၆၁) ဟာ
အမှောင်ကို အလွန်ကြောက်တဲ့အတွက်
နေ.ခင်းဘက်မှာသာ အိပ်စက်ခြင်းပြုပါတယ်တဲ့ …

(၁၀) ကမ္ဘာ့. အဆိုးယုတ်ဆုံး အမျိုးသမီးအကြောင်း
မိတ်ဆွေတို.ကြားဖူးလား . . .. .
အာရှမိုင်းနား ရှိ ကတ်စပါဒိုစီးယား ရဲ့ မိဘုရား
လာအိုဒိုက်စ် ဟာ သူမရဲ့ ခင်ပွန်းကို
စတုတ္ထမြောက် အရိယရသီ ဘုရင်အဖြစ် နန်းတင်ဖို.အတွက်
သူမရဲ့ သားအရင်းခေါက်ခေါက်
ငါးယောက်ကို သုတ်သင်သတ်ဖြတ်ခဲ့ပါတယ် ။
သူမ ရဲ့ ဆဌမမြောက် သားကတော့
ထွက်ပြေးလွတ်မြောက်ခဲ့ပြီး
အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ
နန်းတက်ဘိသိတ်ခံပွဲလုပ်တဲ့နေ.မှာပဲ ….
သူ.မယ်တော်ကို သေဒဏ်ပေးခဲ့ပါတယ် ။
ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံး
အမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းပါ။

Credit to Myanmar News Update's status update.



နေရာတကျ ရှိကြစေဖို့ . . . .
( ဆုတင် မှတ်စု )

မြန်မာစကားပုံတို့တွင်လည်း ထီးနန်း အသုံးအနှုန်း
အကြောင်းအရာတို့နှင့် ပတ်သက်သော
စကားပုံများ ပါဝင်လျက် ရှိနေလေသည်။

ဥပမာ - 'ဒူးနေရာဒူး၊ တော်နေရာတော်' ဟူသော စကားပုံကို
လူအများ နေ့စဉ် သုံးစွဲနေကြသော်လည်း
ဒူး ၊ တော် ၊ စနည်း ၊ အတွင်းဘဝေါ ၊
အပြင်ဘဝေါ တည်းဟူသော နေရာ ငါးသွယ်အကြောင်းကို
သိကြသူ အလွန်နည်းပါးပေသည်။

ကဗျာ့ပါရဂူ ဖြစ်တော်မူသော
မန်လည် ဆရာတော်ဘုရားကြီးသည်လည်း
မဃဒေဝလင်္ကာသစ်တွင်
"ငါးသွယ်အလွတ်၊ ပြိုင်ခတ်မလွန်၊ အချွန်အဦး၊
တော် ၊ ဒူး ၊ စနည် ၊ နှစ်မည်ဘဝေါ ၊ ပြန့်ပြောကျယ်ဝန်း"
ဟူ၍ စပ်ဆိုတော်မူလေသည်။

ထီးသုံး နန်းသုံး စကား - သိပ္ပံမောင်ဝ
သူရိယ သတင်းစာ ၊ ၇ ဇွန် ၁၉၂၇

(ရှေးခေတ်အခါ ဘုရင်က ကန်တော့ခံတဲ့ပွဲတွေမှာ
နေရာ ငါးသွယ် ခွဲခြားသတ်မှတ် စီစဉ် ဆောင်ရွက်လေ့ရှိကြပြီး
ရာထူးကြီးငယ်အလိုက် ဒူး၊ တော်၊ စနည်း၊ အတွင်းဘဝေါ၊
အပြင်ဘဝေါ စသည်ဖြင့် နေရာငါးမျိုး သတ်မှတ်ပြီး
ခစားကြရပါသည်။)

credit to သတ်ပုံအမှန်ပြင်ပေးရေးကော်မတီ။


   

ဘယ်သူ့တွေကို ဘာ့ကြောင့် အပြစ်တင်ချင်ရမှာလဲဗျာ

 
 
 Thursday near Yangon 
 
 
မိမိကိုယ်ကို နှိမ့်ချလို့ နိမ့်ကျသွားတယ်ဆိုတာ မရှိပါဘူး . . ။

မိမိ အပေါ် ပိနေတတ်တဲ့ မာန် မာန ၀န်တွေလျော့သွားလို့
မိမိရဲ့ ကိုယ် စိတ် နှစ်ပါးလုံး ပေါ့သွားမှာဖြစ်ပါတယ် . . ။

စိတ်လက် ပေါ့ပါးစွာ ရှိနေရင် မိမိ လိုရာခရီးကိုလည်း
ပေါ့ပါးလျှင်မြန်စွာ သွားနိုင်ပြီပေါ့ . .. ။

ဒါဆိုရင် ပန်းတိုင်ကို မြန်မြန်ရောက်ပါလိမ့်မယ် . . ။

ခက် ထန် မာကြော နေတဲ့ ကျနော့်ရဲ့
မာန် မာန စိတ်တွေ လျှော့ချရင်း ပေါ့ပါး လျှင်မြန်စွာ
လိုရာခရီး အချိန်မီ အမြန်ဆုံး သွားနိုင်ဖို့
ကျနော် ကြိုးစားနေပါတယ် . . .။

ဆုတင် . . ။
 


အကောင်းတကာ့ အကောင်းဆုံးတွေ
လုပ်နေကြတဲ့သူတွေမှာတောင်
ဒီတစ်ဘ၀တည်းနဲ့ နိဗ္ဗာန် ခရီး ရောက်နိုင်ပါရက်ကနဲ့
ဘုရားဆုပန်သူတွေ အများကြီး ကြားဖူးပါတယ် . . .။
ငါတစ်ယောက်တည်း သံသရာက ကျွတ်ဖို့ မဟုတ်။
ငါတတ်နိုင်သမျှ ကယ်တင်သွားဦးမည် ဆိုတဲ့ပုဂ္ဂိုလ်များ
လေးသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်လို့ ဘုရားဆုပန်ကြပါတယ်။

ဘုရားရှင်လက်ထက် ကျွတ်တမ်းဝင်ပြီး
နိဗ္ဗာန် ခရီး ရောက်နိုင်ပါရက်ကနဲ့
ဝိသာခါ ကျောင်းအမကြီးလည်း
ဘုံစဉ်စံ လို့ ပျော်မွေ့ နေပါသေးသတဲ့ . . .။

သတ္တ၀ါတွေဟာ သံသရာတစ်လျောက်လုံးမှာ
အပါယ်လေးဘုံ အပါအ၀င်
နတ် ဗြဟ္မာလည်း ဖြစ်ခဲ့ကြဖူးပါသတဲ့ . .။
ဗြဟ္မာ့ပြည် တ၀င်းဝင်း ၀က်စားကျင်း တရှုပ်ရှုပ်
ငရဲပြည်ထဲလည်း တကုပ်ကုပ် ရောက်ခဲ့ဖူးကြမှာပါ။
မိမိဘ၀မှာ အဆိုးရွားဆုံး အခက်အခဲနဲ့
ကိုယ်စိတ်နှစ်ပါး ဒုက္ခတွေ တွေ့ကြုံရရင်
တွေးသာ ကြည့်ကြပါတော့ . . .။
ငရဲပြည်က ဒုက္ခ အဘယ်မျှ ကြီးလိုက်ပါမည်လဲ . . ။

လူအပါအ၀င် သတ္တ၀ါတွေရဲ့ မူရင်း အိမ်ယာ ဆိုတာ
အပါယ်လေးဘုံ ပါလို့ တရားတော်က ဆိုပါတယ် . . ။
အနိမ့်ကျဆုံး ငရဲပြည်တဲ့လေ . . . . .။
ငရဲကလာသူ ပြာပူ မကြောက်လို့လည်း
လူမိုက်စကား မကြာခန ကြားဖူးပါတယ် . . ။

ကျနော်ကတော့ဗျာ . . ။
ငရဲက လာခဲ့ဖူးလို့ ကို ပြာပူ အလွန်ကြောက်ပါတယ် . . ။
ကျနော် ဘယ်တော့မှ ဘယ်ဘ၀မှာမှ
အပါယ်လေးဘုံ မသွားချင် မရောက်ချင်တော့ပါ . . ။

ကျနော်သွားလိုသော သံသရာ လွတ်မြောက်ရာဒေသဆီ
အမြန်ဆုံး ကြိုးစား သွားနေပါတော့သည်ပါ ခင်ဗျား . . ။

ဆုတင် . . . ။



 
 
မြန်မာပြည်ထဲမှာ ဘွဲ့ ရပြီး ပညာ မတတ်သူတွေ
အ သုံးလုံးကြေတယ်ဆိုပြီး စာ မတတ်သူတွေ
တော်တော်များများ ရှိနေပါသေးတယ် . . ။

တစ်ခါတစ်ရံ မှာတော့ သင်္ကန်းဝတ်ပြီး
ဝိနည်း မသိသူတွေတောင် ရှိနေမှ
ရဟန်းဖြစ်ပြီး ၀ိနည်း မလိုက်နာသူတွေ ရှိနေမှ
ကိုယ့်ခွေး ကိုယ်မွေးပြီး အထီး အမ မခွဲတတ်ကြတာလည်း
မဆန်းတော့ပါဘူးလေ လို့ပဲ ဖြေရတော့တာပါပဲ . . ။

ဒီလိုနဲ့ပဲ ဒီမိုကရေစီ ဆိုပြီး သမိုင်းတစ်ကြော့ပြန်တာလည်း
မျိုးဆက် ၃ ဆက်လောက် ခြားခဲ့ပြီးပြီလေ . . . .။

ဆုတင် . . .။



 
 
ကျနော်တို့ ကျောင်းမှာ မသင်ခဲ့ရတဲ့ အရာတွေ...
( ဆုတင် မှတ်စု )

၁ ။ Dreamt ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ
mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။
( သင်ဒါကို သံသယဖြစ်နေပါသလား?)

၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ
ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။
ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့
ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။

၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့
( The quick brown fox jumps over the lazy dog) ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ alphabet တွေကို အသုံးပြုထားပါတယ် ။
ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင်
ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။
မှန်တယ်မဟုတ်လား ။

၎ ။ စာလုံးတွေဖြစ်တဲ့ racecar , kayak , level တို့ဟာ
ဘယ်ကနေညာဖတ်ဖတ် ညာကနေဘယ်ဖတ်ဖတ် အတူတူပါပဲ ။

၅ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ dous နဲ့ဆုံးတာ လေးလုံးပဲရှိပါတယ် ။
အဲဒါတွေကတော့ tremendous , horrendous ,
stupendous , hazardous တို့ပဲဖြစ်ပါတယ် ။
သင်သံသယမရှိလောက်ပါဘူးနော် ။

၆ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ a e i o u ဆိုတဲ့
vowel ၅ လုံးစလုံးပါတဲ့ စကားလုံးက၂ခုပဲရှိပါတယ်။
အဲဒါတွေက တော့ abstemious နဲ့ facetious တို့ပဲဖြစ်ပါတယ် ။
အံ့သြသွားပါသလား လောကကြီးမှာ
ထူးဆန်းတာတွေအများကြီး ရှိပါသေးတယ် ။

၇ ။ ကီးဘုတ်က အတန်းတစ်တန်းတည်းကို အသုံးပြုပြီးရိုက်နိုင်တဲ့
အရှည်ဆုံး စကားလုံးက တစ်ခုပဲရှိပါတယ် ။
အဲဒါကတော့ TYPEWRITER ပဲဖြစ်ပါတယ် ။
သင်မယုံပါက စမ်းသပ် ကြည့်နိုင်ပါတယ် ။

၈ ။ ကြောင်တစ်ကောင်ရဲ့ နားတစ်ဖက်စီမှာ
ကြွက်သားပေါင်း ၃၂ ခုစီနဲ့ဖွဲ့စည်းထားပါတယ် ။

၉ ။ ရွေငါးတစ်ကကောင်ဟာ မှတ်ဥာဏ်ကြာမြင့်ချိန် ၃ စက္ကန့်ပဲရှိပါတယ် ။
ပြီးတာနဲ့သူဟာ မေ့သွားပါလေ ရော ။

၁၀ ။ jiffy ဆိုတာက တစ်စက္ကန့်ရဲ့ 1/100th အတွက်
အမှန်တကယ် အချိန်ရဲ့ ယူနစ်ဖြစ်ပါတယ် ။

ပုဂံအွန်လိုင်းမီဒီယာ ဆီမှကူးယူဖော်ပြပါသည်
--------------------------------------------------------------------------
Posted By မြန်မာ့သတင်းများစုစည်းရာ (MNC)


 
 
မိမိကိုယ်ကို နှိမ့်ချလို့ နိမ့်ကျသွားတယ်ဆိုတာ မရှိပါဘူး . . ။

မိမိ အပေါ် ပိနေတတ်တဲ့ မာန် မာန ၀န်တွေလျော့သွားလို့
မိမိရဲ့ ကိုယ် စိတ် နှစ်ပါးလုံး ပေါ့သွားမှာဖြစ်ပါတယ် . . ။

စိတ်လက် ပေါ့ပါးစွာ ရှိနေရင် မိမိ လိုရာခရီးကိုလည်း
ပေါ့ပါးလျှင်မြန်စွာ သွားနိုင်ပြီပေါ့ . .. ။

ဒါဆိုရင် ပန်းတိုင်ကို မြန်မြန်ရောက်ပါလိမ့်မယ် . . ။

ခက် ထန် မာကြော နေတဲ့ ကျနော့်ရဲ့
မာန် မာန စိတ်တွေ လျှော့ချရင်း ပေါ့ပါး လျှင်မြန်စွာ
လိုရာခရီး အချိန်မီ အမြန်ဆုံး သွားနိုင်ဖို့
ကျနော် ကြိုးစားနေပါတယ် . . .။

ဆုတင် . . ။



 
 
မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတဲ့နေရာမှာ
အဘယ်မျှ ရိုကျိုး နှိမ့်ချပါစေ
ကမ္ဘာ မြေကြီးထက်တော့ နှိမ့်ချလို့ မရဘူးလေ .. ။

အောက်တန်းကျတဲ့ စိတ်ထား အပြု အမူတွေနဲ့
မြေကြီးအောက် အပါယ်လေးဘုံကို
လူ အရှင်လတ်လတ် ရောက်နေသူတွေကိုတော့
ကိုယ်က ဘယ်လိုသွားပြီး နှိမ့်ချလို့ ရမှာလည်း . .း))

သူတော်ကောင်းတို့ ချီးမွမ်းခြင်းနဲ့ ထိုက်တန်တဲ့
နှိမ့်ချ ရိုကျိုးခြင်းဆိုတာ မင်္ဂလာပါခင်ဗျား . . ။

ဆုတင် . . ။



ငရဲပြည်ကို ခါးကိုင်းပြီး ငုံ့မကြည့်ပါနဲ့
အခန့်မသင့်ရင် ကိုယ်ပါ အားလွန်ပြီး ကျသွားနိုင်တယ် .. ။

မိမိထက် ကုသိုလ် ပညာ ဥစ္စာ စိတ်နေစိတ်ထား
နိမ့်ပါးတဲ့သူတွေအပေါ် စာနာ သနား
ဂရုဏာ ထားရုံသာ တတ်နိုင်ကြမှာပါ . . ။

သူတို့ကို အားကျလို့ မရဘူးလေ . . . ။

ကျနော်ကတော့ ခင်ပွန်းကြီးဆယ်ပါး ဆိုစကား နားထောင်လို့
မိမိထက် ကုသိုလ် ပညာ ဥစ္စာ စိတ်နေစိတ်ထား
မြင့်မားသူတွေ အပေါ် အားကျ အတုယူရင်း
မိတ်ဆွေစစ်တို့ရဲ လမ်းပြမှုကို ကျေးဇူးတင်စွာ
လိုရာခရီး အရောက်သွားနေပါတယ် . . ။

ဆုတင် . . .။

ဘ၀မှာ မလိုအပ်တဲ့ ဖိုင်တွေ ရှင်းသင့်



 
 
 
 
ကျနော့ ရုံးက ကွန်ပြူတာ သုံးရတာ နည်းနည်း လေး လာလို့
ရုံးက အိုင်တီ တာဝန်ရှိတဲ့ ၀န်ထမ်းလေးကို ခေါ်ပြော လိုက်တယ်။

သူက လုပ်စရာရှိတာတွေ လုပ်ရင်း . . .
ဦးဆု ကွန်ပြူတာ မှာ ဖိုင်တွေ အများကြီးဖြစ်နေတယ်။
ဒီတော့ လေးနေတာပေါ့ တဲ့ . . .။
ဖေါမက် ချရင်တောင် စက် ကိုယ်တိုင်ကလည်း
နည်းနည်းကြာလို့ လေး လာလည်း ပါတာပေါ့ တဲ့။
System ထဲက မလိုအပ်တဲ့ဖိုင် တွေတော့ ကျနော် ဖျက်ပြီးပြီ။
ကျန်တဲ့ မလိုအပ်တဲ့ ဖိုင်တွေတော့ ဦးဆု ဘာသာ ရှင်းမှ ရမယ်။
ဘာတွေ လိုတယ် မလိုဘူးဆိုတာ ဦးဆု မှ သိမှာပေါ့တဲ့ . . .။

မှန်ပါတယ် . . .။
ကျနော်တို့ နေ့စဉ်ဘ၀ ဖြတ်သန်းလာခဲ့တာ နှစ် ၄၀ ကျော်ပြီ . . .။
ရွှေရတုတန်းထဲ မကြာမီ ရောက်တော့ မှာပဲ . . . ။
ဦးနှောက်ထဲ၊ အတွေးထဲ ဘ၀ထဲမှာ သိမ်းဆည်း သိုမှီးထားရတာတွေ
ဘယ်လောက်များ များနေပြီလဲ . . . ။
လိုတာတွေကော မလိုတာတွေကော
အမှိုက်တွေလည်း ပွနေမှာပါ . .။
ဖေါမက် ချ ရင်တောင် လိုသလိုတော့
သုံး မရတော့မှာ သေချာပါတယ် . .။

တစ်ခါတစ်ရံ ဘီဒိုရှင်း စာရွက်စာတမ်း ဖိုင်တွေ ရှင်းရင်းတောင်
မလိုတော့တဲ့ စက္ကူ စာရွက်တွေ
ပစ္စည်းတွေ ထွက်လာတာ အများကြီးရယ် . . ။

မလိုအပ်တဲ့ အတွေးစိတ်က အစ ကံသုးပါးက ပြုသမျှ
တပ်မက် တွယ်တာမှု ကံ တရားတွေကို သိမ်းဆည်းရင်း
ကျနော်တို့ ဘ၀ သံသရာကြီး ခရီးမတွင် ပန်းတိုင် မရောက်ပဲ
နှေးတုန့် လေးကန် နေနေခဲ့ ကြလို့
ဘ၀တွေ ဘယ်လောက်များ များခဲ့ပါပြီလဲ . . ။

သင်္ခါရက အို နာ သေ ဖို့ သဘာဝ ရုပ်ခန္ဓာကြီး
တစ်နေ့ တစ်နေ့ လေး လာတဲ့ ကြားထဲကမှ
ကိလေသာ တွယ်တာ နှောင်တင်းမှု
ကံ ၀ဋ်ကြွေး ၀န်တွေ ပိုများလာရင်
ဤခရီး နီးသလားလို့ မမေးရဲစရာ ဖြစ်ရော့မယ် . . ။

ကျနော့်ဘ၀ထဲမှာ
တန်ဖိုးရှိတယ် ထင်လို့ သိမ်းထားခဲ့တဲ့ အထဲက
တကယ်လိုတဲ့ ကုသိုလ်တွေကိုသာ သေသေချာချာ သိမ်းဆည်းရင်း
မလိုအပ်တဲ့ ဖိုင်တွေ အမှိုက်တွေကို ကျနော်ကိုယ်တိုင်ပဲ
အများဆုံး အမြန်ဆုံး ရှင်းရပါဦးမယ် . . . . ။
ဒါမှ ပန်းတိုင် ခရီးအတွက် ၀န်မလေးပဲ ရှိတော့ မှာပေါ့ . . .။

ဤသို့လျှင် ဤခရီး မဝေးတော့ပြီ ထင်ပါတယ် . . .။

ဆုတင် . . .။

 
ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆ အရ
သူတစ်ဦးဟာ မြင့်တဲ့ အဆင့်တစ်ခုကို ရောက်လာပြီ ဆိုရင်
သူ့ကို အဲဒီ မြင့်စေတဲ့ အကြောင်းတရားများ ရှိနေလို့ပါပဲ . . .။
ထိုနည်းတူစွာ နိမ့်ပါးသွားရင်လည်း နိမ့်ပါးစေတဲ့
အကြောင်းတရားတွေ ရှိရမယ်လေ . . ။

သို့မို့ကြောင့် လမ်းဘေး ကုန်စိမ်းသည်လေးတစ်ဦး ဖြစ်ပါစေ
ဆိုင်နဲ့ ၀န်းနဲ့ စီးပွား ဖြစ်လာတယ်ဆိုရင်
ဖြစ်လောက်တဲ့ အကြောင်းတရားရှိလို့ပါ။
ချဲပေါက်လို့ပဲပြောပြော ပေါ့ဗျာ . . ။

သို့ပေသိ အဲသည် အောင်မြင်လာသောသူဟာ
သူရောက်နေတဲ့ အဆင့်ကို တရားနဲ့လျော်စွာ
မထိမ်းသိမ်း မစောင့်ရှောက်ရင်
( တစ်နည်း ) မိမိမြင့်မားလာတဲ့ အကြောင်းဟာ
မဂ္ဂင် ၈ ပါးနဲ့ အညီ ကောင်းမှု မပြည့်စုံရင်
( တစ်နည်း ) မိမိကိုယ်ကို ကောင်းစွာ မစောင့်ရှောက်နိုင်ရင်တော့
( ကံသုံးပါး ကို အဓိက ဆိုလိုသည် )
စောစောက မြင့်လာတဲ့အဆင့် ကနေ ပြုတ်ကျပြီး
မူလ အဆင့်ထက်တောင် နိမ့်ပါး သွားနိုင်ပါသေးတယ် . . ။

သို့မို့ကြောင့် စီးပွား လူမှု မြင့်မားလာသူများရဲ့
ကုသိုလ်ကံ အတွက် ကြိုးစားအားထုတ်မှုတွေကို
မနာလို စိတ်များ လုံးဝ မထားပဲ
သာဓုခေါ်ဆို အတုယူသင့်ကြသလို
နိမ့်ပါးသွားကြသူတွေအတွက်လည်း
ဂရုဏာထား သင်ခန်းစာ ယူသင့်လှပါတယ် . .။

အရေးကြီးတာကတော့
မိမိကိုယ်ကို တရားနဲ့လျော်စွာ စောင့်ရှောက်ထိမ်းသိမ်းလို့
ကုသိုလ်တရားများ ပွားများနိုင်ကြရင်
မိမိရဲ့ အကုသိုလ်ကံ မကုန်သေးလို့ နိမ့်ပါးနေရင်သော်မှ
တင့်တယ်စွာ ရုပ်ဝတ္တု ဆင်းရဲခြင်းသာ ဖြစ်ပါလိမ့်မယ်။

အောင်မြင်ချိန်ကျရောက်လာရင်တော့
ကုသိုလ်တရားသာ မမေ့ပါနဲ့ မိတ်ဆွေ
မိမိဘ၀အတွက် အထိုက်တန်ဆုံး အမြင့်မားဆုံးသော
ဘ၀အဆင့်ကို ရောက်မှာသေချာပါတယ် . . ။

မိမိကောင်းမှု အကြောင်းပြု
တောင်းဆု ပြည့်ဝကြပါစေ ခင်ဗျား . . ။

ဆုတင် . . ။
 

 
ကျနော့် အတွေ့ အကြုံတွေအရတော့
စေတနာ ယောင်ယောင် သတင်းပေး ယောင်ယောင်နဲ့
တစ်ခြားလူ တစ်ဘက်သားကို
( သတိထားနော် အဲ သည်လူ မကောင်းဘူး ) လို့ ပြောလာရင် . .

အဲသည် အပြောခံရတဲ့သူ သတိထားနော် ဆိုတဲ့သူ
ကြောက်စရာ ကောင်းတာထက် . . .
အဲသည်လို မကောင်းကြောင်း ပြောတဲ့သူက
ပိုကြောက်စရာ ကောင်းနေတတ်ပါတယ် . . ။

ခြေခြေမြစ်မြစ် မရှိပဲ တစ်ဘက်သားကို မကောင်းပြောတတ်သူဟာ
အလွန်ကြောက်စရာကောင်းပြီး အန္တရာယ်ကြီးတတ်တယ်လေ . . ။

ဆုတင် . . ။



 

 
လုပ်ငန်းရှင် ညီငယ်နှင့် နှမငယ်သို့ . . . ။

ဝန်ထမ်းဆိုး အချို့ရဲ့ ပြင်ပမှာ ပြောကြတဲ့
ကဲ့ရဲ့ တင်းဆိုစကားကြောင့်
စိတ်မချမ်းမြေ့ မဖြစ်ပါနဲ့ . . ။
လုပ်ငန်းရှင်ဆိုတိုင်း ဘူဇွာ ကပ်စေးနဲ မဟုတ်ပါဘူး။

အောက်ခြေက တက်လာကြရတဲ့ သူတွေအဖို့
ကိုယ်က လစာပေးရတဲ့နေရာရောက်လာရင်
လုပ်ငန်းရှင်တွေကို ကိုယ်ချင်းစာတတ် လာပါလိမ့်မယ်။
စိတ်မညစ်ပါနဲ့ ညီမကလေး။

အောင်မြင်တယ်ဆိုတာ ကိုယ်ကြောင့် လူဘယ်နှစ်ဦး
ဖြူစင်သော ငွေကြေးလစာ လစာရရှိ
မီခိုနေနိုင်အောင် စွမ်းဆောင်နိုင်သလဲဆိုတာ
လက်တွေ့ပြတဲ့ အောင်မြင်မှုပဲ။

စေတနာ အကျိုးပေးပါလိမ့်မယ်။
အောင်မြင်ပါစေဗျား . . ။

မင့်တို့ အကို ဆုတင်။




မီဒီယာ

တစ်ခြားရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင်တော့
ကျနော်တို့မြန်မာနိုင်ငံသား မီဒီယာများ အတွက်
ကမ္ဘာ့အလယ်ကို ထွက်ပြီး ရဲရဲ ၀ံ့ဝဲ့ ပညာဂုဏ်ထည်လို့
လက်စွမ်းပြကြဖို့ အခွင့်အရေးတစ်ခု လို့လည်း မြင်မိပါတယ် . . ။

ငါတို့ ကိုးကွယ်တဲ့ဘာသာ . . .
ငါတို့ကြည်ညိုတဲ့ ရတနာသုံးပါး . . .
ငါတို့နိုင်ငံ ငါတို့တိုင်းရင်းသားလူမျိုးနဲ့ လူ့အခွင့်အရေး . . .

အာဆီယံ အပါအ၀င် နိုင်ငံတွေ သဘောတူထားကြတဲ့
ပြည်တွင်းရေးကို ပြည်က ၀င်ရောက် မစွက်ဖက်ရေး . . .
အစရှိတဲ့ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်
ဘာသာသာသနာချစ်စိတ်တွေနဲ့ . . .

အခုလိုအချိန်မှာ မိမိတို့ရဲ့ ၀မ်းစာ
ပညာတွေ အစွမ်းကုန် သုံးလို့
ပညာရှင် ဗုဒ္ဓဘာသာ သူတော်ကောင်းများ ပီသစွာ
မီဒီယာကို မီဒီယာနဲ့ ပညာစွမ်းပြကြဖို့
အခွင့်အခါကောင်းဖြစ်ပါတယ် . . ။

ကျနော်တို့ မီဒီယာတွေ အတွက်
တကယ့် အခွင့်အရေးပါပဲ . . .။

ဆုတင် . . ။



မိမိတို့ ကိုးကွယ်ရာ ဘာသာတိုင်းမှာ
သက်ဆိုင်ရာ ဘုရားသခင်များရဲ့ ကိုယ်ချင်းစာစိတ်
မေတ္တာနှင့်ယှဉ်၍ ပြုမူ ကျင့်ကြံ နေထိုင် ပြောဆိုကြဖို့
သွန်သင်ပြသ ဆိုဆုံးမတဲ့ တရားတွေ ကိုယ်စီရှိကြပါတယ် . . .။

ကျနော်လေ့လာမိသလောက်တော့
ကိုယ်ချင်းစာစိတ် မေတ္တာစိတ်နဲ့ ကင်းကွာပြီး
အဲသည် အသီးသီးသော ဘုရားရှင်တွေက
အကြမ်းဖက် ရက်စက် ယုတ်မာကြဖို့
ဟောကြားခဲ့တဲ့ တရား ဆိုတာ မရှိသလောက်ပါပဲ . . .။

မိမိတို့ ယု့ကြည်နှစ်သက်ရာ ကိုးကွယ်ကြသူများအနေနဲ့ ကတော့
မိမိတို့ သက်ဆိုင်ရာ ဘုရားရှင်တို့ မိန့်မှာတဲ့
ကိုယ်ချင်းစာစိတ် မေတ္တာစိတ်နဲ့ ယှဉ်တဲ့ တရားတွေအပေါ်
တစ်ကယ်တမ်း စစ်စစ် မှန်မှန် မလိုက်နာနိုင်သေးသရွေ့
အဲသည်သူများနေထိုင်ရာ သက်ဆိုင်ရာ နိုင်ငံတိုင်းရဲ့
ဥပဒေကိုလည်း လိုက်နာနိုင်မယ် မထင်ပါဘူး . . ။

မိမိတို့ ယုံကြည် ကိုးကွယ်ပါတယ် ဆိုတဲ့ ဘုရားရဲ့စကားကိုသော်မှ
နားမထောင် မလိုက်နာနိုင်ရင် ဘယ်သူ့ စကားကော
လိုက်နာ နားထောင်ကြပါတော့ မလဲ . . .။

သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဥပဒေတွေကို
တရားဥပဒေလို့ ခေါ်ဆို သတ်မှတ်ကြတယ်လေ . . ။
တရားဥပဒေဆိုတာ လူတွေရဲ့ ကျင့်ဝတ် တရားတွေကို
လိုက်နာကြဖို့ ထုတ်ပြန်ကြတာကိုး . . ။

ကျနော်တို့ ဘုရားစကားနားထောင်တတ်ပါမှ
ဥပဒေကို လိုက်နာတတ်ကြမှာပါ . . .။

ဆုတင် . . ။



ကျနော်သိသလောက် လွန်ခဲ့တဲ့
ဆယ်စုနှစ် ၂ နှစ် နီးပါးလောက် ကတည်းက
အမေရိကန်မှာ စစ်ပညာသင်ခဲ့ကြဖူးသော
မြန်မာ့ တပ်မတော် နဲ့ မြန်မာနိုင်ငံသားတွေထဲကနေ
အခု ရန်ုကုန်က အမေရိကန်သံရုံးနဲ့
အဆက်အသွယ် နွေးထွေးစွာ
အခင်မင် မပျက် သွားလာဆက်ဆံကြတယ် ဆိုတာ
မရှိသလောက် ခပ်ရှားရှားပါပဲ . . .။

သံရုံးဧည့်ခံပွဲတွေမှာသာ သံတမန်ခင်း အရ ပြုံးကြ
ရယ်ကြ စကားပြောကြ ပေါ့ . . .။
ပြင်ပမှာတော့ အနေတွေ စိမ်းလို့ . . .။

အနေစိမ်းလို့လည်း ဘာမှ မဖြစ်တဲ့အတူတော့
စိမ်းကြတာပါ ကောင်းတာပေါ့ဗျာ . . .။
မတော်လို့ အနေနီးရင် တပ်ချင်တဲ့ တံဆိပ်တပ်ပြီး
တွေ့ကရာ ပုဒ်မနဲ့ ဂျေးထဲ ဂျိမ်းနေမှ ဒုက္ခ . . ။

သံရုံးကလည်း ဖာသိဖာသာ နေသလို
တစ်ဘက်က အရာရှိများကလည်း
ကြောက်တာက ခပ်များများ
အေးအေးနေချင်တာ ခပ်နည်းနည်းနဲ့
အဆက်အသွယ်တွေ ပြတ်လို့ နေလာလိုက်ကြတာ . . .။

ဟော ခုများတော့ သံသယတွေ ပျောက်လို့
အမှန်ဘ၀တွေရောက်ပြီး နွေးထွေးစွာ ဆက်ဆံလာကြပြီ . . .။
မကြာမီ တွေ့ဆုံကြမယ့် အမေရိကန်နိုင်ငံမှာ စစ်ပညာနှင့်
ဆက်စပ်ပညာများ သင်ကြားခဲ့ဖူးပါသော
မြန်မာ့ တပ်မတော် အရာရှိဟောင်းကြီး များနှင့်
အမေရိကန် စစ်သံ အဖွဲ့တို့ရဲ့ ပြန်ပေါင်းထုတ် ညစာစားပွဲက
နီးလို့လည်း လာပြန်လေပြီ . . . ။

အခုဆို အငြိမ်းစားယူသွားပြီး ဖြစ်ကြတဲ့ အကြီးတန်း
အရာရှိကြီးများထဲက အချို့အပါအ၀င်
တက်ရောက်လာကြမယ့် နောင်တော် ဦးရီးတော်များရဲ့
အတွေ့အကြုံ ဖလှယ်ရင်း ပြောကြမယ့် စကားသံတွေကို
ကြိုတင် ရင်ခုန်ခံစားရင်း နောင် အနာဂါတ် တပ်မတော်ကြီး အတွက်
နိုင်ငံ နဲ့ ပြည်သူ ကိုယ်စားပြုတဲ့ ဆောင်ရွက်မှုတွေ
ဘယ်လို ထွက်ပေါ်လာမလဲ ဆိုတာ
တွေးရင်း ကြည်နူးနေမိပါတော့တယ် . . . ။

ဆုတင် . . .။



Sunday, June 23, 2013

တပ်မတော် ဆိုတာ

 
မီဒီယာကောင်းလို့ပဲဆိုဆို
အမေရိကန်က စစ်ကားတွေကြည့်လိုက်ရင်
စစ်သင်တန်း လေ့ကျင့်တာကအစ အားရစရာကြီးပါ . .။

တလောလေးကမှ ကွယ်လွန်သွားတဲ့ မေမေ့ ရဲ့ မောင်
ကျနော့် ဦးလေး ဦးသန်းထွန်း ဆို
ဟိုးတစ်ချိန် ကျနော်တို့မွေးပြီးစက
မြန်မာ့ တပ်မတော်ကနေ အမေရိကန်ကို
ပညာတော်သင် စေလွှတ်ခြင်းခံခဲ့ရတဲ့
အမေရိကန် စစ်တက္ကသိုလ်ကျောင်းဆင်းပေါ့ . . .။

မြန်မာပြည်ရောက်လာကြတဲ့ အမေရိကန်
စစ်ဘက်အရာရှိကြီးတွေ တော်တော်များများက
ဦးလေးတက်ခဲ့ဖူးတဲ့ အမေရိကန် စစ်တက္ကသိုလ်နဲ့
ခုနှစ်ကို ခန့်မှန်းပြောတာနဲ့တင်
တော်တော်လေးစားနေကြပြီ . .။

အနေ အထိုင် အပြော အဆို က အစ
ဦး ရေး ထောက် လုပ်ငန်းတွေသာမက
သူ့ရဲ့ စစ်အင်ဂျင်နီယာ နဲ့ မိုင်း ဘာသာရပ်တွေမှာပါ
အလွန် စည်းစနစ်ကျန ထူးချွန်ခဲ့သူပါ . . .။
ကျနော့်ရဲ့ စံနမူနာ image model တစ်ဦးးလည်းဖြစ်ပါတယ်။
အဖေ့ရဲ့ ဂျပန်ခေတ် အင်္ဂလိပ်ခေတ် စစ်ပွဲအတွေ့ အကြုံတွေနဲ့
အဲသည် ဦးလေးကြောင့် ကျနော် စစ်တက္ကသိုလ်တက်ဖို့
စိတ်ကူး ဆန္ဒ ရခဲ့တာလေ။

အဲသည်ခေတ်ကာလ late 60s - 70s အမေရိကန် အင်္ဂလန်
စစ်တက္ကသိုလ်ကျောင်းဆင်း မြန်မာ့တပ်မတော် အရာရှိတွေ
မ ဆ လ တစ်ခေတ်မှာတော့ ဘေးဖယ်ထား ခံကြရသူတွေ
များပါတယ် . . ။ ဦးလေးလည်း အပါအ၀င်ပေါ့ . . ။
နောက်ဆုံးတော့ မှန်တာတွေ ပြောလွန်းလို့
၉၀ ခုနှစ်များဆီမှာတော့ အမိ တပ်မတော်ကြီးက
ထွက်စာ တင်ခိုင်းခြင်း ခံခဲ့ရတာပါပဲ . .။

မြန်မာ့ တပ်မတော်ကို အဲဒီ ကာလက
ဦးဆောင်ခဲ့သူ အချို့ရဲ့ မနာလို စိတ်နဲ့
အမျှော်အမြင် နည်းပါးမှုကြောင့်
အမေရိကန်ပြန်ဆိုရင်ကို ဒီဘက်က ကြားတဲ့သူ
တော်တော် နူနာစွဲရင်း allergic ဖြစ်နေခဲ့တဲ့ ကာလပါလို့ ပြောရင်
ကျနော်လည်း နာကျည်းမှု တစ်ခုနဲ့ပြောတာမို့
နားလည်ခွင့်လွှတ်နိုင်ကြမှာပါ . . ။

( ကျနော်ငယ်ငယ်က နိုင်ငံရေးသမား သခင် ရဲ့ သားဆိုပြီး
သူပုန် သားသမီးလို ကြောက်တဲ့သူတွေလည်း ကြုံခဲ့ရဖူးသလို
ယနေ့တိုင် လွှတ်တော်မှာ နေရာကြီးကြီးယူထားတဲ့ လူကြီးတစ်ဦးက
အော် မင်းက အမေရိကန် product ကိုးကွဆိုပြီး
နှိပ်ကွပ်တာလည်း ခံခဲ့ရဖူးပါတယ် . . ။ စကားချပ် . . ။ )

ဒီလိုနဲ့ မြန်မာ့ တပ်မတော်ကြီး ခေတ်မီစွာ
တွေ့ရာ လက်နက်တွေကိုင်စွဲရင်း
အောက်ခြေ တပ်မတော်သား အများစုတွေရဲ့
အသက်ပေါင်းများစွာလည်း မီးကျိုးမောင်းပျက်နဲ့
စတေးခဲ့ရတဲ့ကာလတွေ လွန်မြောက်လို့
ဒီမိုကရေစီကာလ ရောက်ခဲ့ကြပါပြီ . . ။

အခုဆို ဂျပန်နိုင်ငံစစ်တက္ကသိုလ်တွေက
မြန်မာ့တပ်မတော် အရာရှိငယ်တွေအတွက်
သင်တန်းတွေ စခေါ်နေသလို
အမေရိကန် စစ်တက္ကသိုလ်များကလည်း
ပြန်လည်လို့ ရွှေလမ်း ငွေလမ်းဖေါက်ရင်း
လေ့ကျင့်ပေးဖို့ ပြင်ဆင်နေကြပါပြီ . . ။

မြန်မာ့တပ်မတော် တစ်ခေတ်ဆန်းဖို့ အချိန်တန်ပြီ ထင်ပါရဲ့ . .။
တိုင်းပြည်နဲ့ တိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားပြုတဲ့
မြန်မာ့တပ်မတော်စစ်စစ်ဘ၀မှာ ကမ္ဘာ့တပ်မတော်တွေနဲ့
ရင်ဘောင်တန်းနိုင်ကြဖို့ တူ သား နောင် ဘွား တို့
ကြိုးစားနိုင်ကြစေကြောင်းလည်း ဆုတောင်းရပါတယ် . . ။

မကြာမီ ရက်ပိုင်းအတွင်းမှာလည်း
အမေရိကန် စစ်တက္ကသိုလ် အသီးသီးကို
ဘာသာရပ်အသီးသီးနဲ့ လေ့လာသင်ကြား တက်ရောက်ခဲ့ကြဖူးတဲ့
မြန်မာအရာရှိများ တွေ့ဆုံပွဲမှသည်
မြန်မာ့ တပ်မတော် တစ်ခေတ်ဆန်းစေရေး
အတွေးကောင်းများ ပေါ်ထွက်လာပါစေကြောင်း
ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် . . ။

မျိုးချစ် သခင်ကြီးများက စတင် တည်ထောင်ခဲ့ပါသော
မြန်မာတို့ ရဲ့ မြန်မာ့ တပ်မတော်
တိုင်းပြည်နှင့် ပြည်သူလူထု အတွက်
ထာဝရ အောင်ပွဲဆင်နိုင်ပါစေသောဝ် . . .။

BIA တပ်မတော် တပ်မှူး ဗိုလ်တင်ဦး ၏ သား

ဆုတင် . . ။

ငြင်းခုန်မှု

 
နေ့တဓူဝ ကျနော်တို့ ထိတွေ့ ဆက်ဆံရတဲ့ ဘ၀တွေထဲက
အချို့သော အစည်းဝေးတွေမှာ
အပြုသဘော ဆွေးနွေးကြတာထက်
ငြင်းခုန်ကြတာတွေ မကြာခန တွေ့ကြရပါတယ် . . .။

သူ့ထက် ငါ အပြိုင် သိကြောင်း တတ်ကြောင်း ပြောဆိုကြရင်းကမှ
အကြောင်းအရာ တစ်ခုအပေါ် မလိုအပ်ပဲ
ငြင်းခုန်နေကြတာတွေလည်း အများကြီးပါ။

အချို့များဆို မိမိကိုယ်တိုင်အပါအ၀င်
မိမိကိုယ်စားပြုတဲ့ ရုံး ဌာန အဖွဲ့ အစည်းရဲ့ သိက္ခာကိုမျှ မထောက်
ပေါက်ကရ ငြင်းတတ်ကြသူတွေလည်း တွေ့ဆုံဖူးပါရဲ့ . . .။

များသောအားဖြင့် ကျနော်တို့ မေ့နေကြတာက
ငြင်းခုန်ခြင်းဟာ အဖြေမှန် မဟုတ်ဖူး ဆိုတာပါပဲ . . .။

အော်ကြီး ဟစ်ကျယ်နဲ့ စကားနိုင်လုလို့သာ ငြင်းခဲ့ကြတယ်
တစ်ကယ်တမ်း အဲဒီ အလုပ်နဲ့ တာဝန်ကို
တိတိကျကျ ခေါင်းခံ တာဝန်ယူဖို့ ကြုံလာကြရင်တော့
ဘယ်ဆီရောက်မှန်းမသိ ဖြစ်နေတတ်ကြတဲ့ သူတွေလည်း
အများကြီးပါပဲ . .။

ငြင်းခုန်ခြင်းအများစုက ကောင်းမွန် မှန်ကန်သော
အဖြေရှာဖို့ထက် မိမိဆွေးနွေး ရပ်တည်တဲ့ဘက်က
အနိုင်ရရေးကိုသာ ဦးတည်ပြောဆိုကြတဲ့အတွက်
ငါ ပိုသိတယ် ငါ ပိုတတ်တယ် နဲ့ မာန်တွေဆုံပြီး
ငြင်းခုန်စရာတွေ ပိုဖြစ်ကြရတာပါ . .။

လူကြီးမိဘများရဲ့ ဆိုဆုံးမမှုတွေမှာတော့
ငြင်းခုန်တယ်ဆိုတာ ရှက်စရာတစ်ခုလို သင်ခဲ့ရပါတယ် . .။

အကျိုးရှိတဲ့ ငြင်းခုန်ခြင်းရယ်လို့ အရှက်ပြေ
ဆင်ခြေပေးနိုင်ကြသော်ငြား
တစ်ကယ်တမ်းအကျိုးရှိစေတာကတော့
အပြုသဘောကို တည်ငြိမ်အေးချမ်းစွာ
ဆွေးနွေးကြခြင်းပါပဲ . . ။

ကျနော့် အမြင်ကတော့ တကယ်သိ တကယ်တတ်ပြီး
အမှန်တရားကို နားလည်လေလေ
ပြေပြေ ပြစ်ပြစ် နဲ့ ခြေခြေ မြစ်မြစ်
ပြောဆိုတတ်လေလေ ဖြစ်တာပါပဲ . . .။

မပြည့်တဲ့အိုး ဘောင်ဘင်တွေ အလူးအလဲ ခတ်ရင်းက
ငါနိုင်ရင်ပြီးရောရယ်လို့ စကားနိုင်လုပြီး . . .
အမှန်တရားအဖြေထက် မာန်စကားဝေတဲ့
အတိတ်က ငြင်းခုန်ခဲ့ခြင်းများကို ပြန်တွေးမိလေတိုင်း . . .
ငြင်းခုန်မှု စကားတွေဟာ
တကယ်တော့ ရှက်ဖွယ်ရာ အရှုံးတွေပါလားရယ်လို့ . .
နောင်တသင်ခန်းစာများ ယူမိရပါတော့တယ် . . ။

ငြင်းခုန်ခြင်းက အကျိုး မရှိနိုင်
မေတ္တာစကားဖြင့် ခြေမြစ် ပြေပြစ်စွာ ပြောဆိုတတ်ဖို့
ကြိုးစားသင်ယူ လေ့ကျင့်ရင်း . . .

ဆုတင် . . . ။

လူ့ဘ၀ရဲ့ အကျိုးအရှိဆုံး အခြေအနေ

  အိုင်တီတွေ တိုးတက်လာသည်နှင့်အမျှ
ဟိုးအရင်က စာရွက်ပေါ်မှာ စာရေးပြီးပို့ကြရတဲခေတ်ကနေ
ကွန်ပြူတာထဲကနေ အီးမေးနဲ့ စာတွေပို့လို့ ရလာကြလို့
စာပို့သမားတွေတောင် အလုပ်တွေ ပါးသွားကြတယ် . .။

တစ်ဆင့်တက်လို့ ကွန်ပြူတာရှေ့မှာတောင် ထိုင်စရာမလိုတော့ပဲ
လက်ထဲက တယ်လီဖုန်းနဲ့တင် စာတွေရေးလို့ရလာကြတယ်။

စက်ပစ္စည်းလေးတွေက သေးငယ်လာသလို
ရေးနိုင်တဲ့ စာမျက်နှာ ဘောင်တွေကျဉ်းလာတော့
လိုတိုရှင်းနဲ့ အမြန်ဖြတ်ကြရတော့တယ် . .။

စားသုတ်သုတ် သွားသုတ်သုတ်နဲ့
အလျှင်စလို အလုပ်တွေလုပ်ရင်း
ရေးတဲ့စားတွေသော်မှ တိုပြစ်လိုက်ကြရသလို
ခံစားမှု ရဿတွေလည်း နည်းပါးလာကြတော့တယ် . .။

ရဿစာတွေ တဖြည်းဖြည်း ပျောက်လာသလို
လူတွေလည်း တဖြည်းဖြည်း ရိုင်းလာကြတော့တယ် . . ။

လောဘဒေါသ မောဟ ကိလေသာတွေနဲ့
အိုင်တီခေတ်ရဲ့ လို တို ရှင်း သမိုင်းမှာ
လူသားတွေရဲ့ လိုဘတွေကတော့ တို မသွားပါဘူး . .။

လိုဘတွေသာ တို မသွားတယ်
လူ့သက်တမ်းတွေ တိုလာကြပြီလေ . . ။

မိမိစိတ်ကို ကိလေသာကနေ ရှင်း နေအောင်
ကင်းနေအောင် ထားတတ်ပါမှပဲ
တိုလာတဲ့ လူ့အသက်နဲ့အမျှ
သံသရာခရီးကို တိုအောင် ကြိုးစားနိုင်ကြဖို့ လိုပါတယ် . . . ။

ဆက်သွယ်မှုတွေ မြန်ဆန်အောင်
အိုင်တီတွေ တီထွင် သုံးစွဲနိုင်တဲ့ ဥာဏ် ပညာတွေကနေ
သံသရာခရီးဆုံး ပန်းတိုင်ကို
မြန်ဆန်အောင် ကြိုးစားနိုင်ကြရင်
လူ့ဘ၀ရဲ့ အကျိုးအရှိဆုံး အခြေအနေကို
ရောက်မှာ သေချာပါတယ် . . ။

ကျနော်ကြိုးစားနေပါတယ် . . ။

ဆုတင် . . ။
 
 
 
ဗုဒ္ဓရဲ့ တရားဓမ္မတွေ လက်လှမ်းမီသမျှ မွေနှောက်ရှာဖွေရင်း
ကိုယ့်ကိုယ်ကို ဇွန်းငယ်လေးတစ်ချောင်း မဖြစ်အောင်လည်း
ဂရုစိုက်နေရသလို . . . .

သိလာသမျှ ဗဟုသုတတွေကိုလည်း အခုလို
မျှဝေနေရင်းက ကိုယ့်ကိုယ်ကို postman မဖြစ်အောင်လည်း
သတိထားနေရပြန်ပါသေးတယ် . . .။

ကျနော်က ဇွန်းကိုင်ထားတဲ့ postman မဖြစ်ချင်ပါဘူး။
အဲဒီ တရားတော်တွေကို ကိုယ်တိုင် ကျင့်ကြံလို့
ခံစား ပိုင်ဆိုင်နိုင်သူ ဖြစ်ချင်တာလေ . . .။

အသက်အရွယ်ရလာလေလေ
ကိုယ်သွားရမယ့်ခရီး အကွာအဝေးကို ပိုလို့
သတိထားမိလာလေလေပါပဲ . . .။

ကျနော် အများကြီးကြိုးစားရပါဦးမယ် . . .။

ဆုတင် . . ။

သတိချပ်စေချင်

 
တစ်ခါက ရေးခဲ့ဖူးပါတယ် . .။
ကျနော်တို့တွေ စာဖတ်အား အလွန်နည်းကြပါတယ် . . ။

ဖတ်ပြန်သော်ငြား နားလည်မှုအားလည်း
အလွန်နည်းကြပြန်ပါသေးတယ် . .။

ဒီကြားထဲက သေသေချာချာ ဆိုလိုရင်းရောက်အောင်
စာရေးသူရဲ့စေတနာ စာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်
တိတိကျကျနားလည်အောင် စဉ်းစားတွေးတောလို့
မိမိရဲ့အခြေခံ အသိတရားနဲ့ ယှဉ်ပြီး ပွားများကာ
ဖတ်ရှုလေ့လာခြင်းလည်း
ထပ်ဆင့် အားနည်းကြပြန်ပါသေးတယ် . .။

ပြီးပြန်တော့ အပေါ်ယံလေးဖတ်ပြီး အလွယ်တွေးကာ
လတ်တလော စိတ်ခံစားချက်တွေနဲ့ တုန့်ပြန်ကြတာလည်း
ဖေ့ဘုတ်စာမျက်နှာမှာ အထင်ကရ အများကြီးပါ . .။

သည်ကြားထဲက စိတ်လိုက်မာန်ပါ
တုန့်ပြန်မှုတွေ ရှိလာတဲ့ အခါ
အဖေ့မျက်နှာမထောက် အမေ့မျက်နှာမညှာ
မိကောင်းဖခင် သားသမီးပါဆိုပြီး ရှင်လူမြင်လေရာ
ဆဲကြတော့တာပါပဲ . . .။

မိမိနှင့်တကွ မိဘဆွေမျိုး ဆရာသမား
ခင်ပွန်းကြီးဆယ်ပါးမျက်နှာများ ထောက်ထားလို့
ဗုဒ္ဓဘာသာ မြန်မာ့ဂုဏ်သိက္ခာများ
မြင့်မားစေချင်ကြောင်း ပန်ကြားအပ်ပါတယ်ခင်ဗျာ . . . . ။

ဆုတင် . . ။

မယုံရင်တော့လည်း သဘောပါပဲဗျာ . . ။



ကျနော့ ၀န်ထမ်းလုပ်သက် ၁၉၈၉ က နေ
၂၀၀၄ အထိ ၁၅ နှစ်ကျော် ရှိခဲ့ပါတယ် . . ။
အဲသည့်မတိုင်မီ နဲ့ နောက်ပိုင်းတွေမှာလည်း
အချိန်ပိုင်း ၀န်ထမ်း ဖြစ်ခဲ့ဖူး လုပ်ခဲ့ဖူးပါတယ် . . ။

အဲသည် အတွေ့အကြုံများအရ တစ်ချို့သော ၀န်ထမ်းတွေဟာ
မိမိရဲ့ အလုပ်ရှင်တွေနဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ အပေါ် အမနာပ
မကောင်း အတင်းပြောကြတာတွေ များစွာတွေ့ကြုံဖူးပါတယ် . . .။

တစ်မိသားနဲ့တစ်မိသား တစ်ယောက်နဲ့ တစ်ယောက်
ပေါင်းသင်းဆက်ဆံကြရာမှာ စိတ်သဘော မတိုက်ဆိုင်တာ
အဆန်းမှ မဟုတ်တာကပဲ . . .။
ကိုယ်ယူထားတဲ့ ဇနီးမယား လင်ယောင်္ကျား နဲ့
ကိုယ်မွေးထားတဲ့ သားသမီး အပါအ၀င်
ကိုယ့်ကို မွေးတဲ့ မိဘနှစ်ပါး ဆရားသမားတွေနဲ့ သော်မှ
မတိုက်ဆိုင်တာတွေမှ အများကြီးရယ်လေ . . . ။

အဲသည်လို မတိုက်ဆိုင်တာ သဘောမကျတာနဲ့တင်
မိမိရဲ့ အလုပ်ရှင်များ လုပ်ဖေါ်ကိုင်ဘက်များအပေါ်
မကောင်းအတင်းပြောကြတာ အဆန်းတော့ မဟုတ်ပါဘူး . .။
ပုထုဇဉ်တွေပဲကိုး . . .။
သို့ပေသော်ငြား အများစုက စိတ်အခန့်မသင့် မတိုင်ဆိုင်ရင်
အဲသည် မတိုက်ဆိုင်တဲ့ မူလ ပြသနာရဲ့ အကြောင်း အကျိုးကို
ဝေဘန်သုံးသပ် ပြောဆို ဆွေးနွေးခြင်းမရှိပဲ
မဆိုင်တဲ့ အကြောင်းတရားတွေနဲ့ လူမှုရေး ကိုယ်ရေးတွေ
အတင်းအဖျင်းပြောတတ်ကြပါတယ်။

အလုပ်ရှင်နဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ ဆိုတာ
အပြန်အလှန် ကျေးဇူးတွေရှိကြတဲ့
တစ်လုပ်စားဖူး သူ့ကျေးဇူးကို မေ့နေကြတယ်ထင်ပါ့။

မိမိနဲ့ စိတ်သဘောထား မတိုင်ဆိုင်ရင် နစ်နာတယ် ထင်ရင်
ခြေခြေမြစ်မြစ် ပြေပြပြစ်ပြစ် နှစ်ဦးတွေ့ပြီး ဆွေးနွေးဖြေရှင်းပါ။
ဒီကြားထဲကမှ မိမိ မနှစ်သက်ရင်
အဲသည် အလုပ်ကနေ ထွက်ရုံပဲရှိပါတယ် . .။
ထိုထက်မက အခြေအနေဆိုးရင်လည်း
ဥပဒေနဲ့ ရင်ဆိုင်ဖို့ပဲ ရှိပါတယ် . . ။

သို့ပေမယ့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတိုင်းမှာ
ကောင်းတဲ့အဖြေသာ ထွက်တာများပါတယ် . . ။

မိမိလိုအပ်ချိန်တုန်းက ပေးလာတဲ့ အလုပ် လစာနဲ့
ခံစားခွင့်တွေကို လှစ်လျှူရှုလို့ မိမိစိတ်လိုဘ မပြည့်တာနဲ့ပဲ
ကွယ်ရာမှာ မကောင်း အတင်းပြောတတ်သောသူများဟာ
များသောအားဖြင့် ၀န်ထမ်းဘ၀ကနေ မကျွတ်လွတ်ပဲ
ကိုယ်ပိုင် လုပ်ငန်းရှင်ဘ၀ မရောက်ကြတာ များပါတယ် . .။
ကံထိုက်တယ်လို့ပဲ ဆိုလေမလားတော့ မသိပါဘူး . .။
အထူးသဖြင့် အလုပ်ရှင် ကောင်းတွေအပေါ်
မိမိစိတ်လိုဘ မပြည့်တာလေးနဲ့တင် စော်ကားမိသူများပေါ့။

ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားချင်သူများ
ယာယီ ကာလ ၀န်ထမ်းဘ၀များ ရောက်နေခဲ့ကြရင်
သတိရှိနိုင်ကြဖို့ ရေးသားရပါတယ် . . .။

မယုံကြည်လို့ လက်မခံရင်လည်း သဘောပါဗျာ . . ။
ကျနော်ကတော့ ပြန်မငြင်းပါဘူး။
ကိုယ်တွေ့ကြုံဖူးတာလေးပဲ မျှဝေတာပါ။

ကိုယ်ပိုင်လုပ်ငန်းများနဲ့ အလုပ်ရှင်
လုပ်ငန်းရှင် ဘ၀ရောက်ကြပြီး
ကြီးပွားတိုးတက်ကြပါစေ ခင်ဗျား . .။

ဆုတင် . . . . ။

မိမိဘ၀ တိုးတက်ကြီးပွားစေခြင်းရဲ့ အကြောင်းတရား

လူတစ်ယောက် အောင်မြင် တိုးတက်ဖို့ရာ လိုအပ်ချက်တွေထဲမှာ
မိမိရဲ့ ပြင်ပ လောကလူသားတွေ မိတ်ဆွေ အပေါင်းအသင်းတွေ
မိတ်ကောင်း ဆွေကောင်းတွေ လိုအပ်ကြောင်း
ကျနော့်ကို ခင်ပွန်းကြီးဆယ်ပါးက ဆုံးမဖူးပါတယ် . .။

မိမိမှာ မိတ်ဆွေကောင်း ဘယ်နှစ်ယောက်ရှိပါသလဲ . .။
အဲသည် မိတ်ဆွေတွေကကော မိမိအပေါ် ဘယ်လို ဘယ်လောက်
ကိုယ်စိတ်နှစ်ပါး နှုတ်၏ စောင့်မခြင်း ကိုယ်၏ လက်၏ စောင့်မခြင်း
ပြုချင်ကြ ပြုကြ ပြုနိုင်ကြပါသလဲ . . ။

သူတို့က မိမိအပေါ် ချစ်ခင်စွာ စောင့်ရှောက်ကြရအောင်
ကိုယ်ကကော အဘယ်မျှ သူတို့အပေါ် ချစ်ခင်စွာ
မိတ်ဆွေဝတ္တရားနဲ့ ညီညွတ်အောင် နေပါသလဲ . . ။
အဲဒါ အလွန် အရေးကြီးပါတယ် . .။
မိတ်ဆွေကောင်းလိုချင်ရင် ကိုယ်ကစပြီး
မိတ်ဆွေကောင်း ပီသဖို့တော့ လိုပါတယ် . . ။

မိတ်ဆွေကောင်းတို့ရဲ့ ၀တ္တရားဆိုတဲ့
ဘုရားဟော ရှိပြီးသားတွေကို
ယခင်ကကလည်း ရေးခဲ့ပြီးမို့ ထပ် မရေးတော့ပါဘူး . .။

အနှစ်ချုပ်လေး ထပ်မံ တိုက်တွန်းရရင်တော့
မိမိဘ၀ တိုးတက်ကြီးပွားစေခြင်းရဲ့ အကြောင်းတရားတစ်ခုမှာ
မိတ်ကောင်းဆွေကောင်း မိတ်စစ်ဆွေစစ်လိုအပ်ပါသောကြောင်
မိမိဘက်မှလည်း မိတ်ကောင်းဆွေစစ် ပီသကြစေဖို့
ကြိုးစားအားထုတ်ရန် လိုအပ်ပါကြောင်း . . .

ကျနော် ဆုတင် ကလည်း မိတ်ဆွေများအပေါ်
မိတ်ကောင်း ဆွေစစ်ပီသစွာ
အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်ရပါသည် ခင်ဗျား . . .။

မိတ်ဆွေကောင်းများကျေးဇူးဖြင့်
ကိုယ်စီဘ၀များ တိုးတက်ကြပါစေ . . .။

ဆုတင် . .။

ဇရာ

တကယ်တော့ လောကကြီးမှာ ဖြစ်လေရာတိုင်းဟာ
ပျက်ဖို့ ချည်းပါပဲ . . ။
လူရယ်လို့ မွေးလာကြ ကတည်းကလည်း
သေဖို့ရာ ချည်းပါပဲ . . ။

စက္ကန့် အချိန် နဲ့ အမျှ ပျက်စီး ယိုယွင်းနေတဲ့
ရုပ် ခန္ဓာကြီးကို ကိုယ်ကပဲ ပိုင်သလိုလိုနဲ့
လက်လွတ်နေကြရတာပါ . . .။

အသက် ၃၀ ၀န်းကျင်က
ကိုဆု ကိုကြည့်ရတာ လူငယ်လေးလိုပဲလို့
ဆိုကြတဲ့အခါ ပြုံးဖြီးဖြီးနဲ့ ကြေနပ်ခဲ့ရတယ် . . ။
အဲသည်ကနေ ၄၀ တန်း ရောက်လာပြန်တော့လည်း
ကိုဆု ကတော့ နုပျိုနေတာပဲဗျာလို့ ဆိုကြတဲ့အခါ
ကြေနပ်နေခဲ့ တာပဲပေါ့ . . ။

သေသေချာချာ စဉ်းစားမိတဲ့အခါ တွေးမိတဲ့အခါ
အထူးသဖြင့် ၀ိပသနာ တရားလေး လက်လှမ်းမီသမျှ
လေ့လာ အားထုတ်မိတဲ့အခါမှာတော့ . . .

လောက၀တ်အရ ငယ်သွားလိုက်တာ
နုနေတာပဲ အစရှိသဖြင့် အပြောခံရတဲ့အခါတွေမှာ
ပျက်စီးယိုယွင်းနေတဲ့ ကိုယ့်ရုပ်ကြီးကို ကိုယ်
ရှက်နေမိတာ အမှန်ပါပဲ . . ။

တကယ်တော့ ကျနော် အချိန်နဲ့အမျှ
အို လာနေပီလေ . . .။

ဆုတင် . . .။

ကိုယ်ချင်းစာစိတ်

ကိုယ်ချင်းစာစိတ်

by Su Tin (Notes) on Sunday, June 2, 2013 at 8:56pm
 
လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။
သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။
အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ. . . ။

သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ
ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့
ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။
လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။
ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။
အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ
အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင်
အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့
စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး
ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။
အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာ မျိုးပေါ့။

ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။
ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။
သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။
ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ=အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့
အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။

ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ
နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊
ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။

"ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ" ဆိုတဲ့
အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။
ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။
ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့
ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။
ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။

ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင်
လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့
ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။
အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။

သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့
ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့
သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။

လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့်
မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။
တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်
ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊
ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ
ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။
ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊
ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို
မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။

အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။
ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။
အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့
အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။
တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။
ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။
ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။
ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊
ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊
ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။

ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။
ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။
ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။
ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး
ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို
ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။
ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး
မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။

ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…

အရှင်ဇနကာဘိဝံသ

Ref - Buddhism Beams

Wednesday, June 12, 2013



မရောင်ရာ ဆီလူးရင်း
ဘုန်းကြီးခေါင်း သန်းရှာတဲ့ အတတ်ပညာ ဆိုတာ
ကျနော်တို့ မြန်မာတွေ အများစုမှာ အထူး မသင်ရပဲ
အတော်လေး ထွန်းကား သလိုပါပဲ . . ။

အလကားနေရင်း သန်း အရှာ ခံနေကြရသူတွေ
ဆီ အလူး ခံနေကြရ သူတွေလည်း များကြပါပေတယ် . . .။

အော် . . . အရင်းစစ်တော့
ကျနော်တို့နိုင်ငံမှာ အချိန် ချမ်းသာတဲ့ သူတွေ
အလွန်များကြပေတာကိုး . . .။

စစ်စစ်မှန်မှန် ချမ်းသာကြပါစေခင်ဗျား . . .။

ဆုတင် . . ။




 

ပြည်ပ မှာ အခြေချ နေထိုင်ဖို့
အခွင့်အရေးများစွာ ရခဲ့တဲ့ကြားက
ကျနော် မြန်မာနိုင်သားအဖြစ်ကို
ဘယ်သောအခါမှ မစွန့်လွှတ်ခဲ့ဖူး . .။

ကျနော်ကို မြန်မာစစ်စစ် အဖေအမေက
မြန်မာပြည်မှာ မွေးပါတယ် . . . ။
ကျနော့်အဖေက သခင်တင်ဦး
ကြီးတော်ကြီးက သခင်မကြီး ဒေါ်မြတင် . .။
မြန်မာပြည် လွတ်လပ်ရေးရဖို့ ကြိုးစားခဲ့ကြသူတွေထဲမှာ
သူတို့တွေလည်း ရှေ့တန်းက ပါခဲ့သပေါ့ . . .။

အဖေတို့ အသက်စွန့် ကြိုးစားခဲ့ကြရတဲ့
မြန်မာပြည် ဘယ်သူဘာပြောပြာ
ဘယ်စီးပွားရေး ဘယ်လိုဖြစ်နေပါစေ
မြန်မာပြည်ဖွား တိုင်းရင်းသားကို ကြားတစ်ပါးက
ဘယ်လို သွေးထိုးစကားပြောနေပါစေ . .
ကျနော်တို့ဟာ မြန်မာ မြန်မာ မြန်မာ . . . ။

မြန်မာပြည် မြန်မာ့မြေမှာ
ေ၇ွှတိဂုံစေတီတော်ကြီး ရှိနေလေသရွေ့
ဧရာတီ ချင်းတွင်း သံလွင် ရှိနေသရွေ့
ရိုးမတောင်တန်းကြီးတွေ ရှိနေသရွေ့
ကျနော် ဘယ်သောအခါမှ ဗုဒ္ဓဘာသာ မြန်မာ အဖြစ်က
ပြောင်းလဲမှာ မဟုတ်ဘူး . .. ။

ဆုတင် . . .။



 


တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံကြတဲ့ နေရာမှာ
ဘယ်သူက ဘာပြောလို့ ဘယ်ဝါက ဘယ်လို ပြောလို့ ဆိုတဲ့
ကြားလူတွေက သယ်လာတဲ့ စကားကို
ဘယ်သောအခါမှ လွယ်လွယ် မယုံကြည်တာ အကောင်းဆုံးပါ။

ကြားလူ သယ်လာတဲ့ စကားဆိုတာလည်း
သူကိုယ်တိုင် ဘယ်လို ကြားလို့
ဘယ်လောက် မှန်ကန်တိကျသလဲ ဆိုတာ
စဉ်းစားသင့်လို့ပါ . . .။

ကျနော်ကတော့ တစ်ဦးအပေါ် တစ်ဦး သံသယရှိလာရင်
ခြေခြေ မြစ်မြစ် ပြေပြေ ပြစ်ပြစ်နဲ့ ဖွင့်ဟ မေးမြန်းပြီး
သံသယတွေကို ခြေဖျက်နိုင်ရင်
အကောင်းဆုံး လို့ ထင်ပါတယ် . . . ။

ကျနော့် အပေါ် သံသယရှိကြရင်လည်း
ခြေခြေ မြစ်မြစ် ပြေပြေ ပြစ်ပြစ်နဲ့
မေတ္တာ ရှေ့ထား ဖွင့်ဟ မေးမြန်းနိုင်ကြပါတယ်။
ကျနော်ကလည်း ထိုနည်းတူစွာ မေတ္တာထားလို့
ဘ၀သံသရာ ခရီးသွား မိတ်ဆွေကောင်းများဖြစ်ကြရင်
အလွန် မင်္ဂလာရှိတာပေါ့ဗျာ . . . .။

တစ်ဦးအပေါ် တစ်ဦး သံသယများ ပျောက်ကွယ်၍
အမှန်ဘ၀ ရောက်ကာ မိတ်ဆွေစစ်များ အဖြစ်
သာယာပျော်ရွှင်နိုင်ကြပါစေ . .။

ဆုတင် . . ။



 


တစ်ချိန်မှာ ကျနော်တို့ မနိုးသော အိပ်စက်ခြင်းနဲ့
ဒီရုပ် ခန္ဓာကြီးက အိပ်စက်ကြရမှာပါ . . ။
အဲဒီ အချိန်မှာ အကောင်းဆုံး အိပ်စက်နိုင်ဖို့
နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်တွေတိုင်း
လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။

အသေကြီးနဲ့ သေခါနီးအချိန်မှာ
အာရုံကောင်း၊ နိမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက်
အသေလေးနဲ့ သေခါနီးအချိန်ကို
အာရုံကောင်း၊ နိမိတ်ကောင်းတွေနဲ့ ထုံမွှမ်းပေးထားရပါမယ်။

ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။
ညအိပ်တော့မယ်လို့ မျက်စိမှိတ်လိုက်တာနဲ့ တစ်ပြိုင်နက်
အာရုံကောင်းတွေ ကုသိုလ်အာရုံတွေပဲ ထင်မြင်နေစေရပါမယ်။

အဲသည်လို ထင်မြင်နိုင်ဖို့ကလည်း
ဒီကနေ့ တစ်နေ့တာ ကိုယ်လုပ်ခဲ့သမျှ
ကံသုံးပါး ဖြူစင် သန့်ရှင်းဖို့
မိမိကိုယ်ကို လိပ်ပြာသန့်နေဖို့ လိုပါတယ်။

အိပ်ယာဝင် ဆင်ခြင်ကြည့်ပါ့မယ် . .။
ငါ ဒီနေ့ ဘုရားနှင့်တကွ သူတော်ကောင်းတွေ ချီးမွမ်းမယ့်
ကောင်းတာတွေ ဘာလုပ်ပြီးပြီလဲ . . .။

ဆုတင် . . ။



 


 ကျနော်အပါအ၀င် လူတွေ တော်တော်များများက
မေတ္တာ အကြောင်းပြောကြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများဆို
ယသာနုဘာဝတော နဲ့ မေတ္တာသုတ် ကို
စာအုပ် ကြည့်ပြီးသော်မှ မဆိုတတ် မရွတ်တတ်ရင်
ဗုဒ္ဓဘာသာဝင် မဟုတ်တော့ သလိုလို
ထင်နေကြတဲ့သူတွေလည်း တွေ့ဖူးပါသေး . . ။

တစ်ရက်ကို မေတ္တာသုတ် ဘယ်နှစ်ခေါက်တောင်
ရွတ် ဖတ် ပူဇော်နေပါတယ် ဆိုတဲ့ သူများကိုလည်း
သာဓုခေါ်ခဲ့ရတာ အကြိမ်ကြိမ် . . .။

သို့ပေမယ့် ကျနော်အပါအ၀င်
မေတ္တာသုတ်တော်နဲ့ မေတ္တာတွေအကြောင်းသာ
ပြောဆို ရွတ် ဖတ်နေကြတယ်
တစ်ကယ်တမ်း လက်တွေ့ မေတ္တာ ထားမိကြရဲ့လား လို့
တစ်ခါတစ်ရံ စဉ်းစားမိပါတယ် . . .။

မနောကံနဲ့သာ ခပ်လွယ်လွယ်
မေတ္တာတွေ ထားနေကြတယ်
ကာယကံ နဲ့ ၀စီကံ မေတ္တာထားဖို့တော့
နှေး တုန့် လေးကန် နေမိကြတာ များပါတယ် . .။

အထူးသဖြင့်တော့ ၀စီကံ မေတ္တာမှာ
အားနည်းနေသလိုပါပဲ .. ။

ကျနော်တို့ မေတ္တာထားတတ်ပါတယ် ဆိုပြီး
ကာယကံ အလှူတွေ လုပ်ရင်းနဲ့သော်မှ
သူများ မကောင်းကြောင်း
အတင်းအဖျင်းတွေနဲ့ ပြောနေတတ် သေးတယ်လေ . . ။

မေတ္တာမဲ့ပြီး စိတ်မဆိုးကြပါနဲ့ဦး။
သူများကို မပြောဝံ့ပါဘူး ကိုယ့်ကိုယ်ကိုပဲ ဆုံးမနေမိတာပါ။
မေတ္တာထားတတ်အောင် ကြိုးစားနေတဲ့ . . .

ဆုတင် . . ။






တကယ်တော့ လောကကြီးမှာ ဖြစ်လေရာတိုင်းဟာ
ပျက်ဖို့ ချည်းပါပဲ . . ။
လူရယ်လို့ မွေးလာကြ ကတည်းကလည်း
သေဖို့ရာ ချည်းပါပဲ . . ။

စက္ကန့် အချိန် နဲ့ အမျှ ပျက်စီး ယိုယွင်းနေတဲ့
ရုပ် ခန္ဓာကြီးကို ကိုယ်ကပဲ ပိုင်သလိုလိုနဲ့
လက်လွတ်နေကြရတာပါ . . .။

အသက် ၃၀ ၀န်းကျင်က
ကိုဆု ကိုကြည့်ရတာ လူငယ်လေးလိုပဲလို့
ဆိုကြတဲ့အခါ ပြုံးဖြီးဖြီးနဲ့ ကြေနပ်ခဲ့ရတယ် . . ။
အဲသည်ကနေ ၄၀ တန်း ရောက်လာပြန်တော့လည်း
ကိုဆု ကတော့ နုပျိုနေတာပဲဗျာလို့ ဆိုကြတဲ့အခါ
ကြေနပ်နေခဲ့ တာပဲပေါ့ . . ။

သေသေချာချာ စဉ်းစားမိတဲ့အခါ တွေးမိတဲ့အခါ
အထူးသဖြင့် ၀ိပသနာ တရားလေး လက်လှမ်းမီသမျှ
လေ့လာ အားထုတ်မိတဲ့အခါမှာတော့ . . .

လောက၀တ်အရ ငယ်သွားလိုက်တာ
နုနေတာပဲ အစရှိသဖြင့် အပြောခံရတဲ့အခါတွေမှာ
ပျက်စီးယိုယွင်းနေတဲ့ ကိုယ့်ရုပ်ကြီးကို ကိုယ်
ရှက်နေမိတာ အမှန်ပါပဲ . . ။

တကယ်တော့ ကျနော် အချိန်နဲ့အမျှ
အို လာနေပီလေ . . .။

ဆုတင် . . .။




 
 အဖေ

 အ မေ့ဖုဝါး ပူဇော်ကြတဲ့အခါ
အ ဖေ့ပါးကို ဘယ်လောက်များ နမ်းဖူးကြမယ် မသိ..
မေတ္တာမပြယ် ပေမဲ့လို့
ချစ်ပါတယ် ဆိုတဲ့ စကားသံတော့
အ ဖေကြားချင် ခဲ့ရှာမှာဘဲ.......သား ကိုယ်ချင်းစာပါတယ်အ ဖေ..
"လူကြီးပြီးအချိန်မစီးဘူး"
"ဒါလေးတောင်ပြီးအောင် မလုပ်..ေ-ာက်သုံးကမကျဘူး"..ဆိုတဲ့
ဟိန်းဟောက်သံကို ခေါင်းငုံ့ခံ
ခွန်းတုံ့ပြန်လို့လဲ မဖြစ်တဲ့ ဘဝ လေ
မာနကိုခဝါချ..ဆူပူသူကို အပြစ်မယူ
သူချစ်တဲ့ သူတွေဆီ စိတ်ရောက်..
အိမ်ပြန်နောက်ကျပေမဲ့လည်း
သား/သမီးတို့ရဲ့ အ ပြောအဆို..
ဇနီးသည် ရဲ့ အပြုံးချိုချို ကိုကြည့်ပြီး..
ပီတိ နဲ့ ကျေနပ်
နေတတ်အောင် နေ..အလုပ်ခွင် မှာ ကြိမ်းမောင်းခံရတာ..
ဘယ်အ ဖေမှ ပြန်မ ပြောတတ်ကြပါလား..????သား နားလည်ပါပြီ အ ဖေ..
မိသားစုဘဝ လူရာဝင် အောင်ကြိုးစား..
ရိုးရိုးသားသား လုပ်ကိုင်ကျွေး
သူဌေးမဖြစ်ပေမဲ့
သား/သမီးတွေ ခွေးမဖြစ်အောင် ဆုံးမ
ပြုံးမပြတတ်ပေမဲ့
ကျွန်တော့်အ ဖေ..နှလုံးပြည့်ဝ တယ်ဆိုတာ..သား ယုံပါတယ် အ ဖေ..
မှတ်တမ်းတင် မထားတဲ့..
အ ဖေ့ ရင် ထဲက စကားတွေကို..
သား ..ခံစားတတ်ပါပြီ အ ဖေ.......သား နှလုံးသားက ဘာသားနဲ့ ထုထားတာမှတ်လို့..






ဘယ်လောက် အပြစ်ကင်းကင်းနဲ့ နေပြီး ကိုယ့်ဘာသာ
ပင်လယ်ကမ်းခြေမှာ စည်းစိမ်ရှိရှိ သွား အပမ်းဖြေလည်း
မကောင်းပြောတဲ့ ဝေဘန်တဲ့သူ၊ ပီးတော့
အဲဒီ့သူတွေထက် ကြားကနေ လေ ဖမ်းပီး
အတင်းတုပ်မယ့်သူတွေလည်း ရှိနေမှာပဲ .. ။

အဲဒီကမ်းခြေမှာ မုန်တိုင်းတိုက်လို့ ရေနစ်မယ်ကြံရင်တော့
အသက်စွန့် ၀င်ကယ်မယ့်သူ မရှိသလောက် ရှားလိမ့်မယ် . .။

မကောင်းပြောတဲ့သူ ဆိုတာကလည်း
သူ့ အကုသိုလ်နဲ့ သူတော့ ငရပြည်နဲ့ ၀ဋ်တွေလည်ဖို့
အကြောင်းတရားတွေ ရှာနေကြဦးမှာပါပဲ။
ခွင့်ပြုပေးလိုက်ပါ။
ကိုယ် တားလို့လည်း ရတာမှ မဟုတ်တာ . .။

ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါ။
မင်္ဂလာတရားနဲ့သာ ညီပါစေ . . ။
မင်္ဂလာရှိသော အချိန်များ မင်္ဂလာရှိစွာ
မိမိကိုယ်တိုင် ပိုင်ဆိုင်နိုင်ကြပါသည် . . ။

ဆုတင် .. ။

Wednesday, June 5, 2013

၎ ၆ ၂၀၁၃

အချစ်ကိုကိုယ်ကတန်ဖိုးထားမှ


ဇာနည်ဦး ရေ . . .။
ကိုယ်က တန်ဖိုးထားသလောက်
သူ့ ကိုယ်သူ တန်ဖိုး မထားတတ်တဲ့ မိန်းကလေး ကို
မင်း ဆက်ချစ်နေမယ် ဆိုရင် ကြီးမားတဲ့ မိုက်မဲမှု တစ်ခုပါပဲ . .။
ထိုထက်မက မင်းကိုယ်တိုင်လည်း တန်ဖိုးမဲ့သွားနိုင်တယ် . .။

လူငယ်တွေကြား ၀င် မပါ စကောင်းပေမယ့်
ငါ့တူ ငါ့သား အသိတရားရစေဖို့ ရေးလိုက်ရပါတယ်။

အချစ်မှာ ဆင်းရဲတာ ချမ်းသာတာထက်
ချစ်တတ်ဖို့ ပိုပြီး အရေးကြီးပါတယ် . . ။
တစ်ကယ်ချစ်တတ်ရင် ချစ်တဲ့သူအတွက် ကြိုးစားလာတတ်မယ်။
သူ့အတွက် ကြိုးစားတဲ့နေရာမှာ ပညာရေး လူမှုရေး
စီးပွားရေး အိမ်ထောင်ရေ အကုန်ပါတာပေါ့ . . ။

အဲသလိုချစ်တတ်ရင် ကိုယ့် ကိုယ်ကိုယ်လည်း
တန်ဖိုး ထားတတ်လာမယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်သူဟာ
တန်ဖိုးရှိအောင် နေ ထိုင် ပြောဆို တတ်လာလိမ့်မယ် . .။

အပြန်အလှန် တန်ဖိုးထား လေးစား သိတတ်မှုဟာ
ချစ်သူဘ၀မှာသာမက အိမ်ထောင်သည်ဘ၀ . .
ထိုမျှမက ဦးဆု ပြောပြောနေတဲ့
သံသရာခရီးအတွက်ပါ အရေးကြီးပါတယ် . .။

ဦးဆု ရေးခဲ့ဖူးသလို ကိုယ့်မိဘ မောင်ဘွား ဆရာသမားတွေက
ကိုယ့် အပေါ် တန်ဖိုးထားသလောက်မှ အဲသည် မိန်းကလေးသည်
သူ့ကိုယ်သူ တန်ဖိုး မထားတတ်ပါဘူး ဆိုရင်တော့ . . .
မင်းအတွက် တန်ဖိုးရှိတဲ့ ချစ်သူဟာ
သူ မဟုတ်နိုင်ဘူး . .။

မင်းကိုယ်တိုင်လည်း တန်ဖိုးအောင်ကြိုးစားပါ။
မင်းရဲ့ ဘ၀အရည်အချင်း တန်ဖိုး ရှိသလောက်
မင်းအတွက် ထိုက်တန်တဲ့သူ
မင်း တွေ့လာ ရလာ ချစ်လာ ပိုင်ဆိုင် လာပါလိမ့်မယ် . .။

ဘ၀ အတွေ့အကြုံတွေ အသက်နဲ့ မက
ချိုမြိန် ခါးသည်း ပျော်ရွှင် ပူဆွေးဖူးတဲ့ . . .

ဆုတင် . . ။



အကုသိုလ်


သတ္တ၀ါတွေမှာ . .
အထူးသဖြင့် လူတွေမှာ အကုသိုလ် ကြီးနေရင်
ဒါ့ထက်ပိုလို့ ၀ဋ်ကြွေးတွေ ကြီးနေရင် များနေရင်
ဘယ် ဘိုးဘိုးကြီး မက သိကြားမင်း မက
ဘုရားတောင် မကယ်နိုင်ဘူး . . . ။

ဘုရားမကယ်နိုင်တဲ့ အကုသိုလ်ကောင်တွေ
လောကမှာ အများကြီးရယ် . . . ။

သူများလုပ်လို့ ကိုယ် ခံရရင် ခနတာလေးရယ်။
ကိုယ်လုပ်တဲ့ အကုသိုလ်ဝဋ်ကြွေး ကိုယ့်ဘာသာ ခံရပြီ ဆိုရင်တော့
တစ်ဘ၀ တစ်သံသရာ တာ့တာ ဘိုင့်ဘိုင်လေးတောင်
နှုတ်ဆက်နိုင်တော့မှာ မဟုတ်ဘူး . .။

အလကားနေရင်း အကုသိုလ်တွေ လုပ်မနေနဲ့ . . ။
ကြားလား ဟဲ့ ဆုတင် . . .။

ဟုတ် ဟုတ်ကဲ့ပါ ခင်ဗျ . . ။




ဆုံးဖြတ်ချက် ချရမယ့်အချိန် . . ။
( ဆုတင် မှတ်စု )


သိပ်ပျော်နေတုန်းမှာ ဘာမှမဆုံးဖြတ်ပါနဲ့၊
မှား သွားမယ်။

သိပ်အစိုးရိမ်လွန်ရင်လည်း ဘာမှမဆုံးဖြတ်ပါနဲ့။
အဲဒီ ဆုံးဖြတ်ချက်ကလည်း မှား မှာဘဲ။

သိပ်မုန်း နေရင်လည်း ဘာမှ မဆုံးဖြတ်နဲ့၊
မှား သွားလိမ့်မယ်။

ချစ်ခြင်း ၊မုန်းခြင်း ကင်းနေတဲ့ အခါမှာ၊
ဝမ်းသာ၊ ဝမ်းနည်း ကင်းနေတဲ့ အခါမှသာ
စိတ်အေးအေးနဲ့ ဆုံးဖြတ်ရင် အဖြေမှန်ကို ရနိုင်တယ်။

အဖြေမှန်မှသာ လုပ်တာတွေ မှန်မယ်။
အဲဒါမှ တိုးတက်မယ်၊ ကြီးပွားမယ်။

ဒါကြောင့် လောကဓံ တရားနဲ့ တွေ့တဲ့ အခါမှာ
တတ်နိုင်သလောက် တုန်လှုပ်မှု နည်းတဲ့သူ
ဖြစ်အောင် ကြိုးစား စေချင်ပါတယ် ။

- (ဆရာတော် ဦးဇောတိက၊ မဟာမြိုင်တောရ)

credit to youngbuddhistassociation.mm



( ဆုတင် မှတ်စု )

♦ အအိပ်ကြီးသူ
♦ မေ့လျော့တတ်သူ
♦ သက်သောင့်သက်သာ ဇိမ်ခံနေတတ်သူ
♦ ရောဂါရနေသောသူ
♦ ပျင်းရိသူ
♦ အလိုကြီးသူ
♦ အသေးအဖွဲ အလုပ်တွေ နှင့် အချိန်ကုန်သူ . .

ဤသူ ခုနှစ်ယောက်တို့သည် ကျန်းဂန်စာပေ
တတ်ကျွမ်းခြင်းမှ ကင်းကုန်၏။

- (လောကနီတိ)

credit to youngbuddhistassociation.mm

 

 မျက်စေ့
 လောကီ မျက်စေ့နဲ့ အတ္တစိတ် သဘောကို ထင်ဟပ်စေတဲ့
အကောင်း မြင်တတ်ခြင်း၊ အဆိုး မြင်တတ်ခြင်း ဆိုတာနဲ့ . . .

ပညာ ဥာဏ်နဲ့
အကောင်း အဆိုးကို ခွဲခြား သိမြင် တတ်တာခြင်း . . .
အသိ ပညာခြင်း ကျတော့ အများကြီး ကွာပါသေးတယ် . . ။

ပညာမျက်စေ့နဲ့ မြင်တတ်အောင်
ကျနော် ကြိုးစားရပါဦးမည် . . 



အတိတ်ကို တာဝန်ယူနိုင်ဖို့
ပစ္စုပ္ပန် အချိန်တွေ သာယာ ချိုမြိန်ပါစေ . .။


တွေ့ ကြုံ ဆုံ ကွဲ တစ်ခရီးတည်းသွားကြတဲ့
သံသရာ ခရီးသည်တွေပါ . .။

တို့တွေ ဘယ်ပုံ တွေ့ဆုံခဲ့ကြလဲ . . .။
ဘယ်တုန်းက ဘယ်မှာ ဘယ်သူတွေနဲ့
ဘာတွေ ဘယ်လို ပျော်ရွှင် ကြည်နူးခဲ့ကြသလဲ . . ။

ကိုယ်က သူ့အပေါ် တာဝန်ကြေခဲ့သမျှကို ကြေနပ်လို့
သူက ကိုယ့်အပေါ် ကောင်းခဲ့တာတွေ ကြည်နူးရင်း
အတိတ်ဆိုတာ ပျော်ရွှင်ဖွယ် အပြုံးတွေနဲ့ ပြည့်စုံနေရင်
သေချာပါတယ် . . .
တို့တွေ သံယောဇဉ် နဲ့ ဖြူစင်တဲ့ စေတနာ
မေတ္တာတွေ ထားနိုင်ခဲ့ကြတယ် . . ။



 

၅ - ၆ - ၂၀၁၃

မသေခင် ရိက္ခာ ယူနေကြတယ် . . . ။
..............................
..............။

ဟဲ့ ဒကာ ဆုတင် . . . ။

ဘုရာ့ . . . ။

စောစောက ဒကာ ဒါယိကာမတွေ ဘာပြောနေကြတယ်ဆိုတာ ကြားလား . .။

ကြားပါတယ်ဘုရား။ ဟောဟိုက သူဌေးကြီး အကြောင်းပါ။

ဘာတဲ့လဲ . . ။

အာ အရှင်ဘုရားလဲ ကြားလိုက်မှာပဲဟာ။
အဲသည် သူဌေးကြီးက မိန်းမ ငယ်ငယ်လေးယူလို့
မသေခင် ရိက္ခာ ယူနေတယ် လို့ ပြောနေကြတာလေ ဘုရာ့ . . ။

မင်းတို့ကော ဘယ်တော့ သေမယ်ဆိုတာ သိလား . . ။

အရှင်ဘုရားကလည်း ဘယ်တော့ ဘယ်မှာ ဘယ်လို သေမယ် ဆိုတာ
မသိနိုင်ကြတဲ့ဟာကို . . ။

အေး ဒါဖြင့် မင်းတို့ အခု စီးပွားရှာပြီး ထမင်း မစားကြဘူးလား . .။

ရှာရတာပေါ့ ဘုရား။ စားလည်း စားပါတယ် ဘုရာ့။

ဘယ်တော့ သေမယ်မှန်း မသိနိုင်ပါပဲနဲ့
မသေခင် ရိက္ခာယူနေကြတာပဲ မဟုတ်လား။

မှန်ပါ့ ဘုရား။

အဲဒီ သူဌေး ကျကာမှ မသေခင် ရိက္ခာယူနေတယ် ပြောရအောင်
မင်းတို့ကော မသေခင် ရိက္ခာယူနေကြတာပဲ မဟုတ်လား။

မှန်ပါ့ ဘုရား။

ဒါဆို အတူတူပဲ။

သူများကို မသေခင် ရိက္ခာယူနေတယ်ပြောတာ မနာလို လို့။
ဟုတ်ကလား။

ဟုတ်သလိုပါပဲ ဘုရား။

အေး ဟိုက ယူနေတဲ့ ရိက္ခာကမှ လတ်တလော စားနေရသေးတယ်။
မင်းတို့က အဲသလို သူများ အတင်းအဖျင်း ပြောနေတာက
မသေခင် အကုသိုလ်ရိက္ခာ ယူနေတာနဲ့ ပို မတူပေဘူးလား . . ။

တူပါတယ်ဘုရား . . .။

သူများကို မသေခင် ရိက္ခာယူနေတယ် လို့ ပြောရင်
ကိုယ်ကလည်း မသေခင် အကုသိုလ် တွေပိုက်ပြီး
ရိက္ခာ ယူနေတယ်ဆိုတာ သတိထား . . ။
 
လူ့သဘာဝတွေကို လိုက်ပြီး မကဲ့ရဲ့ ပါနဲ့ . . ။
..............................
.........................။

ဟဲ့ ဒကာ ဆုတင် . . ။

ဘုရာ့ . . . ။

ဦးဇင်းကို ဟောဟိုက မင်းခေါ်လာတဲ့
ဒကာ ဒါယိကာမတွေက ဘယ်လိုခေါ်ကြလဲ . . . ။

ဦးဇင်းလေး ဘုန်းဘုန်းလေး ဘုန်းဘုန်းကြီး လို့
ခေါ်သံတွေတော့ ကြားတာဘဲ ဘုရာ့။

ဘာလို့ အဲသည်လို ခေါ်ကြတာတုန်း . . . ။

ဒါတော့ ဘုရား။ ချစ်လို့နေမှာပေါ့ ဘုရာ့။

သူတို့ခေါ်တဲ့ အသံက တစ်ကယ့် ဆွေမျိုး အရင်းအချာကို
ချစ်လို့ ခေါ်သံ ဟုတ်ရဲ့လား .. ။

စိတ်တော့ မဆိုးပါနဲ့ ဘုရား တပည့်တော် နားထဲမှာတော့
တစ်ချို့ ဒကာ ဒါယိကာမတွေ ခေါ်သံက
နည်းနည်းတော့ ချွဲနေသလိုပါဘုရာ့ . . ။

ဘာလို့ ဒီလို ဖြစ်နေကြတာလဲ . . .

ဒါကတော့ဘုရား အရှင်ဘုရားနဲ့ ပိုမို ရင်းနှီး ကျွမ်းဝင်အောင် နေမှာပေါ့ ဘုရား။

အေး . . ငါ့လို့ ဘုရားကျင့်ခိုင်းတဲ အကျင့်ပဲ ကျင့်နေပြီး
ဘုရားစောင့်ခိုင်းတဲ့ သိက္ခာပုဒ်ကလွဲလို့ ဘာမှ မရှိတဲ့သူကိုတောင်
ပိုမို ရင်းနှီး ကျွမ်းဝင်အောင် ကြိုးစားကြရင်
လောကီမှာ ဘာဘာ ညာညာတွေ လုပ်ပေးနိုင်တဲ့ သူတွေကို
ချည်းကပ် ကြိုးစားကြတာ ဆန်းသလား . .

မဆန်းပါဘူး ဘုရား . . .။

ဒါဆို သူတို့ကို လိုက် ကဲ့ရဲ့ မနေနဲ့။
အဲ ဒါ လူ့ သဘာဝ . . .။
 
 
 

Tuesday, May 21, 2013

ဧည့်သည်သို့

ကျနော်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာ တစ်ဦးပါ။
သို့ပေသော်ငြား တစ်ခြားဘာသာကို မကဲ့ရဲ့ပါဘူး။
သူယုံကြည်ရာ ကိုးကွယ်ကြတာပေပဲ . .။
ဘာသာတရားတိုင်းက ယဉ်ကျေးလိမ္မာဖို့ ဆုံးမပါတယ်။

ကျနော်ဟာ မျိုးချစ်စိတ် အပြည့်ရှိတဲ့
မြန်မာ တိုင်းရင်းသားတစ်ဦးပါ။
သို့ပေသော်ငြား တစ်ခြား လူမျိုးများအပေါ်
အလကားနေရင်း ရန်ရှာပီး မတိုက်ခိုက်လိုပါဘူး။
ကိုယ်က အိမ်ရှင်ပေမို့ မြင့်မြတ်စွာပင်
ပိုလို့ သဘောထားကြီးပေးနိုင်ပါတယ်။

ထိုထက်မကလည်း ကိုယ့်အိမ်ကိုယ့်ယာ
ကိုယ့်မြေပေါ်မှာ ဧည့်သည် လာခိုက်
ဘေး အန္တရာယ်မဖြစ်စေဖို့လည်း
တတ်နိုင်သမျှ မေတ္တာထားလို့ စောင့်ရှောက်
ကာကွယ်ပေးမယ့် အထဲမှာ ရှေ့ဆုံးက ပါဝင်ပါမယ်။

အိမ်ရှင်များတို့ရေ ဧည့်သည် အပေါ်
မတရား အနိုင် မကျင့်ကြပါနဲ့နော် လို့ ထိမ်းသိမ်းပေးသလို
ဧည်သည်တို့ရေ အလကားနေရင်း တို့အိမ်ပေါ်တက်ပီး
လူပါးတော့ မ၀ကြပါနဲ့ကွာ လို့တော့ တားရမှာပါပဲ . . ။

သည်ကြားထဲကပဲ
ကိုယ့်ရေသောက်ရင်း ကိုယ့်မြေပေါ်ပေါက် လာသူများက
အိမ်ရှင်များ အပေါ် မခန့်လေးစား စော်ကားလာရင်တော့ . . .

မိတ်ဆွေများခင်ဗျား . .
ကျနော် အာသဝေါ မကုန်သေးပါ။
လောဘ ဒေါသ ရှိနေပါသေးတယ် . . ။
မျိုးရိုးအလိုက် စစ်သွေးပါ ပါတယ်။
သခင်သွေး ပါပါတယ်။
ဇာတိမာန် အပြည့်ရှိပါတယ် . .။
ဆင်ခြင်တုံတရားနဲ့ ယှဉ်တဲ့ သတ္တိ
အစဉ်သတိနဲ့ ရှိနေပါတယ် . .။

ဗုဒ္ဓ တရားနဲ့ ပျော်မွေ့နေကြတဲ့ ကျုပ်တို့ကို
အတိုင်းအတာ လွန်ကဲစွာ စော်ကားလာရင်တော့
တစ်မြေမှာဖွား လူမျိုးခြားဆို စပါးတစ်ပင် ယူလျှင်မကြေ
မြေတစ်လက်မ ကျူးက မခံ ရန်တုန့်ပြန်လို့
မြန်မာ့သွေးစွမ်း ပြချင်စမ်းပါတယ် . . ။

Saturday, May 18, 2013

မိမိကိုယ်ကို တာဝန်ယူနိုင်အောင်ကြိုးစားပါ

မိုးရွာတော့မယ်ဆိုတော့
လမ်းဘေးမြောင်းတွေမှာ ပိတ် ဆို့နေတဲ့ အမှီုက်တွေ
ရှင်းလင်းပြီး မြောင်းတွေ ဖေါ်နေကြတာ တွေ့မြင်ရပါတယ် . . ။

စည်ပင်က အခုမှ ဘာ ညာ လာလုပ်နေကြတယ် ဆိုတဲ့
ကဲ့ရဲ့ စကားသံတွေလည်း ကြားတဲ့ အခါ ကြားမိပါတယ် . .။
ကြံ့ဖွံ့က နိုင်ငံရေး မဲဆွယ်နေတာလေ ဆိုတာလည်း ပါရဲ့ . .။

အမှိုက်တွေ ဖေါ်ပြီး လမ်းဘေး ပုံထားတဲ့အခါ
နေ့ချင်း လာ မသိမ်းလို့ အနီးအပါးက အိမ်တွေမှာ
အနံ့ အသက်တွေနဲ့ အနှောင့် အယှက်ဖြစ်ကြရတာတွေရှိသလို
မိုးရွာရင် မြောင်းထဲ ပြန်ကျသွားမှာပဲရယ်လို့
စိတ်ပူကြသူတွေကလည်း အများကြီးပါ။

ကျနော်တို့ စည်းကမ်းမဲ့စွာ ပစ်ချင်တိုင်း ပစ်ခဲ့ကြတဲ့
အမှိုက်တွေကြောင့် လမ်းဘေးမြောင်းတွေပိတ်
ရေတွေလျှံ ပါတ်ဝန်းကျင် သန့်ရှင်းမှု ထိခိုက်ကြတာတွေမှာတော့
ကျနော်တို့ အများစုက မေ့နေတတ်ကြပါတယ် . .။

တာဝန်ရှိတယ်လို့ အများက သတ်မှတ်တဲ့
စည်ပင်ရဲ့ ပေါ့လျော့မှုတွေနဲ့ အတူ
ကျနော်တို့ရဲ့ စည်းကမ်းမဲ့မှုတွေ အပေါ်
ကျနော်တို့ ကဲ့ရဲ့ ပြစ်တင် ဆိုဆုံးမဖို့တော့
ကျနော် ကိုယ်တိုင် ၀န်လေးမိနေတယ် ထင်ပါတယ် . .။

ကျနော်တို့ လျောက်ခဲ့တဲ့ ဒီိုကရေစီ
ရောက်နေတဲ့ ခေတ် စနစ် ပါတ်ဝန်းကျင်မှာ
ကျနော်တို့ တာဝန်ကျေဖို့တော့ လိုတာ အသေ အချာပါ . .။

မည်သို့ဆိုစေ ကျနော်တို့ပစ်တဲ့ အမှိုက်တွေကို
ကျနော်တို့တောင် မသိမ်း မရှင်း မဖေါ်တဲ့
ရေမြောင်းပုတ်တွေကြားမှာ မရွံမရှာ
ကျနော်တို့အတွက် သန့်ရှင်းပေးသွားတဲ့
အမည်အသိ စည်ပင် လုပ်သားများကိုတော့
ကျနော်တိုတွေ့ ရေ အေးအေးလေးတစ်ခွက်နဲ့
ကုသိုလ်ပြုရင်း သာဓုခေါ်ဆို ချီးမွမ်းခြင်းငှာ
မထိုက်ပါလေလား ခင်ဗျာ . . ။

မိမိကိုယ်ကို တာဝန်ယူနိုင်အောင်ကြိုးစားနေသော

ဆုတင် . .။

မြင့်မြတ်သောသူ ဘဝ

ရွှေလက်ကောက်ကြီးတွေ တချွင်ချွင်
တစ်တောင်ဆစ်လောက်ဝတ်
ရှိသမျှ လက်ချောင်းတွေမှာ လက်စွပ်တွေ အပြည့်နဲ့
ဆွဲကြိုး ဒီဇိုင်းစုံ စိန်လော့ကက်ကြီးတွေ
သင်္ဘော ချည်တဲ့ ကြိုးလောက်ဝတ်ပြီး
ကွမ်း တပြစ်ပြစ်ဝါးလို့ လုပ်ချင်ရာတွေလုပ်
ပါးစပ်က ပေါက်တတ်ကရတွေ ပြောနေကြတဲ့
ယောင်္ကျားကြီး မိန်းမကြီးတွေ တွေ့မြင်ဖူးကြမှပါ . . ။
ကြည့်ရတာကိုက ကြက်သရေ မင်္ဂလာ ပြည့်ဝကြပါရဲ့လား . .။

သနပ်ခါးရေကျဲလေးလူး
ရှိတာလေးနဲ့ လှအောင်ဝတ်လို့
ခင်မင်ဖွယ်ရာ အပြု အမူ အပြောအဆို
ကြည်လင်တဲ့ မျက်နှာထားလေးတွေနဲ့
ကြက်သရေရှိပြီး ပြောင်ပြောင် ဆင်းရဲနေကြတဲ့
ရပ်ရွာထဲက ကျား မ အစုံစုံကိုလည်း တွေ့မြင်ဖူးကြမှာပါ။

ကျနော်တို့တွေ တော်တော်များများက
မြင့်မြတ်တဲ့သူ ဆိုတဲ့ စကားကို ကြားရင်
ရုပ်ဝတ္တု ချမ်းသာကြွယ်ဝမှုနဲ့
ပြည့်စုံနေတဲ့သူတစ်ယောက်ကို
ခပ်လွယ်လွယ် မြင်မိလိုက်ကြတယ် . . ။

အ၀တ်အစား ဟောင်းနွမ်းနေပါစေ
မျက်နှာမှာ ပေါ်လွင်နေတဲ့ ရှင်းသန့် ကြည်လင်မှု
ကြက်သရေ ရှိမှုတွေဟာ သူတစ်ဦးတစ်ယောက်ရဲ့
စိတ်နေစိတ်ထား ကိုယ်ကျင့်တရား
မြင့် မြတ်မှုရဲ့ သင်္ကေတဆိုတာကို
နားလည် သဘောပေါက်ကြရင်
ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုတွေဆိုတာ
ဘ၀ သံသရာမှာ အရေး မပါကြောင်း
သိမြင်ကြလိမ့်မယ် ထင်ပါတယ် . . ။

မြင့်မြတ်မှု ဂုဏ်ကြက်သရေဆိုတာ
ကံသုံးပါး စောင့်စည်း ထိမ်းသိမ်းမှုနဲ့
ကိုယ်ကျင့်တရားသာလျှင်ဖြစ်ပါတယ် . .။

မြင့်မြတ်သောသူ ဘ၀ကို လိုလား တောင့်တလျက်

ဆုတင် . .။

အချစ်စစ်

ဆရာတော် ဦးဇောတိက က ဟောခဲ့ဖူးတယ်။

အားငယ်တဲ့ သူကိုမှ ချစ်တာ
တကယ်စစ်မှန်တဲ့ အချစ် မဟုတ်သလို
အားကိုးရလို့ ချစ်တာဟာလည်း
တကယ်ချစ်တာ မဟုတ်ပါဘူး တဲ့ . .။

အဲဒီလို အချစ်ဟာ ရေရှည်မှာ မပျော်လာတော့ဘူး။
မပျော်တဲ့အတွက်ကြောင့်ပဲ မခိုင်မြဲဘူး လို့လည်း
မိန့်ကြားခဲ့ပါတယ် . . ။

တကယ်တော့ အားကိုးတာ အားနွဲ့တာထက်
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့
အပြန်အလှန် အကျိုးပြုကြရင် . . .

မောင်တစ်ထမ်း မယ်တစ်ရွက်
ဘ၀ကို မျှတစွာ တာဝန်ယူတတ်ကြရင် . . .

ပျော်ရွှင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်ကြပါလိမ့်မယ်လို့
ကျနော်ကတော့ ယုံကြည်မိတာပါပဲ . . ။

မိန်းကလေးများ၏ ညို့ချက် (၈) ချက်

ဒါမျိုးတွေလည်း တွေ့ဖူး ကြုံဖူး
ခံစားဖူး မိန်းမောဖူးပါသည် . . ။
သူများဆီမှာ တွေ့လို့ ကူး ရှယ်လိုက်ပါသည်။



မိန်းကလေးများ၏ ညို့ချက် (၈) ချက်

ညို့ချက် (၁)
=======
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။
အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်
"သိတံ" လို့ ခေါ်တယ်။
(မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
=======
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
=======
တစ်ချို့ မိန်းကလေးလေးတွေကျတော့
ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။
(အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ။
နောက်မှ (ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
=======
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။
(ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး
အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။
သတိထားကြနော်
လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး
ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက်
မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
==========
တစ်ချို့မိန်းကလေးတွေကျတော့
စကားကို မကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။
အဲ့ဒါ ကတော့ ညှို့ချက် နံပါတ်ငါး "မန္ဓ၀ါစာ" လို့ခေါ်တယ်။
(ချစ်တယ်ဆိုတဲ့ အဖြေကို
မပေးချင် ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ ။
နောက်တော့လည်း အတင်းအဖျင်းပြောရင်
အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
=======
မျက်လုံးထောင့်ကပ်ကြည့်တာ
ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။
(ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင်
သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ။
ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ
မျက်စောင်းတွေချည်း တဒိုင်းဒိုင်း
အထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
========
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။
(သနားရာကနေ ဟင်း ဟင်း ဟင်း
ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ
အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
=======
မခံချင်အောင် စကားနာထိုးတာက
ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။
(စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ
အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)

အခုဖော်ပြခဲ့တာကတော့
ယောက်ျားလေးတွေကို ကျအောင်
ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

သတိထားပြီး လွတ်အောင်သာ ရှောင်ကြပေတော့
မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့..........ဟဲဟဲ။
ယောကျာင်္းလေးများသတိထားနိုင်ရန် . . ။

_________________________________
Lamin Maung ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)