ကျားကျားလျားလျား ဖြစ်နိုင်ကြစေဖို့
မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ "ကျား" မဖြစ်နိုင်သည့်အကြောင်းရင်းများ
=====================================
အခုလိုရေးလိုက်တာဟာ နှစ်နှစ်ကျော်လာလအတွင်း ကြီးမားတဲ့
ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့တဲ့ လက်ရှိနိုင်ငံတော်အစိုးရရဲ့
လုပ်ဆောင်မှုများကို အဖျက်သဘောအနေနဲ့ပြောခြင်းမဟုတ်ပါ။ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နဲ့ န၀တ၊ နယက ခေတ်တွေနဲ့စာရင်တော့ ကောင်းမွန်လာခဲ့တာတွေ အပုံကြီှးရှိပါတယ်။ သို့သော်လည်း ကိုယ့်ရဲ့လုပ်ဆောင်ချက်စွမ်းရည်တွေကို သိပ်အထင်ကြီးပြီး တကယ့်အဖြစ်မှန်နဲ့လွဲသွားမှာစိုးလို့ သတိပေးခြင်းဖြစ်ပါတယ်။ နောက်လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်မိမှာကိုလည်းစိုးရိမ်ပါတယ်။
နိုင်ငံတစ်နိုင်ငံကို "ကျား" လို့ပြောတာက တင်စားပြောဆိုတာဖြစ်ပါတယ်။
"ကျား" လို့ပြောခြင်းဟာ ခွန်အားကြီးများခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းကို
ဆိုလိုပါတယ်။ နိုင်ငံတစ်ခုကို "ကျား" အဆင့်ကို သွင်းပြီဆိုရင် သူ့မှာ
ခိုင်မာတဲ့ Political, Economics, Social and Technology အားတွေ သူမတူ
အလွန်ကောင်းလာတာကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Political,
Economics, Social နဲ့ Technology တွေမှာ "ကျား" အဆင့်ကို
ဖြစ်ဖို့အလွန်အလှမ်းဝေးပါတယ်။ လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေရှိနေပေမဲ့လည်း
လူသားတစ်ဦးချင်းစီရဲ့ အတွင်းစိတ်မှာစွဲမြဲနေတဲ့ အယူအဆနဲ့ ယုံကြည်မှုတွေ၊
လူ့အဖွဲ့အစည်းရဲ့ Culture တွေ၊ Organization တွေ ရဲ့ Culture တွေ၊
အုပ်ချုပ်တဲ့အဆင့်ကို ရောက်လာသူတွေရဲ့ Self နဲ့ State interest တွေ
ရောထွေးနေမှုတွေ၊ ပြုပြင်သင့်တာတွေကို မပြုပြင်နိုင်တာတွေကြောင့် "ကျား"
အဆင့်ကို မပြောပါနဲ့ ဖရိုဖရဲမဖြစ်သွားဖို့အတွက်လောက်သာ ဆုတောင်းရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ "ကျား" ဘာလို့မဖြစ်နိုင်လည်းဆိုတာကတော့ အောက်မှာရေးထားတဲ့ အချက်တွေကြောင့်ပါပဲ။
၁။ မြန်မာလူမျိုးအများစုဟာ ပုံမှန်စားဝတ်နေရေးအဆင်ပြေရင် အေးအေးဆေးဆေး၊ လူတွေနဲ့ ဝေးရာမှာနေလိုတဲ့လူမျိုးဖြစ်လို့ဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ကောင်းသထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးမရှိခြင်း။
၂။ မြန်မာလူမျိုးများသည် ကောင်းရောင်းကောင်းဝယ်
အရောင်းအ၀ယ်လုပ်ငန်းများမှာ ပါဝင်လာမှုအလွန်အားနည်းပြီး
အရောင်းအ၀ယ်လုပ်ငန်းတွေနဲ့ အလှမ်းဝေးတဲ့ မြို့စွန်တွေမှာသာနေထိုင်သူများဖြစ်ခြင်း..
၃။ ၀င်ငွေရအောင်အလုပ်လုပ်သူနည်းပါးပြီး
ဝင်ငွေ၊ ထုတ်ကုန်မရှိပဲနဲ့ ကျွေးမွေးထားရသူတွေ အလွန်များခြင်း။
အလုပ်အကိုင် မဖန်တီးပေးနိုင်ခြင်း၊ လူသားများကို
အလုပ်ကျိုးစားလုပ်တတ်အောင်၊ စုဆောင်းတတ်အောင်၊ တိုးပွားအောင်လုပ်တတ်အောင်
မသင်ကြားပေးနိုင်ခြင်း..
၎။ ဆိုရှယ်လစ်ခေတ်နဲ့ န၀တ၊ နယက ခေတ်တွေရဲ့ ဆိုးမွေဖြစ်တဲ့ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေကို လုပ်ကိုနိုင်တဲ့သူအလွန်နည်းပါးခြင်း၊ လုပ်ငန်းငယ်လေးတွေကိုလည်း ရှင်သန်အောင် မဆောင်ရွက်ပေးနိုင်ခြင်း၊ အရင်းအနှီးရနိုင်မှုနှင့် ရှင်သန်နိုင်မည့်ပတ်ဝန်းကျင်အခြေအနေ ဆိုးရွားခြင်းကြောင့် ညစ်ညမ်းပြီး ငွေရလွယ်သည့်အလုပ်များသာများလာရခြင်း..
၅။ အခြေခံ စားသောက်ကုန်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကအစ အခြား
စက်ပစ္စည်းကရိယာများအထိ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်
မလုပ်ကိုင်နိုင်တော့ပဲ အားလုံးကို အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ တရုတ်၊
ထိုင်း၊ စက်ာပူ၊ မလေးရှားအပေါ်မှီခိုနေရခြင်း။ ဒီနိုင်ငံတွေကလည်း
မြန်မာနိုင်ငံ ခေါင်းထောင်မလာအောင် နည်းမျိုးစုံနှင့်လုပ်နေခြင်း..
၆။ ဆိုရှယ်လစ်ခေတ်မှာ ဆိုရှယ်လစ်အယူဝါဒနဲ့ နိုင်ငံကို ထူထောင်ခဲ့သော်လည်း
အခုခေတ်တွင် Political အယူဝါဒ ပြောက်ဆုံးနေခြင်း။ အယူဝါဒ
ပျောက်ဆုံးမှုကြောင့် အစိုးရ Policy များ၊ ရယ်ဖွယ်သာဖြစ်နေခြင်း။
အုပ်ချုပ်ရေး ယန္ထယားကြီးတစ်ခုလုံးမှာ ချ အုံကြီးသာဖြစ်နေခြင်း..
၇။ လက်ရှိအုပ်ချုပ်နေသော အစိုးရ ၀န်ကြီးဌာနများမှာ ကမောက်ကမဖြစ်နေပြီး၊ ကိုယ့်နေရာတည်မြဲရန်သာလုပ်ကိုင်နေကြခြင်း၊ ငွေကြေးသုံးစွဲရန်စနစ်မရှိသဖြင့် လူသားအရင်းအမြစ်တိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံရပ်ခြားတိုင်းပြည်များ၏ အလှုငွေကိုသာ သူတောင်းစားများကဲ့သို့တောင်းခံနေရခြင်း။ အစိုးရပိုင်းတာဝန်ရှိသူများအနေနှင့် မည်သည့် Initiative ကိုမျှမလုပ်နိုင်ပဲ၊ ပုဂ္ဂလိက လုပ်ငန်းရှင်လေးများနှင့် လက်ဝါးရိုက်သာ ကိုယ်ကျိုးရှာသူများဖြစ်လာခြင်း။
၈။ လက်ရှိအုပ်ချုပ်နေသူများသည် Micro Level ကိုသာနားလည်ပြီး
ပိုမိုကျယ်ပြန့်သည့် Strategic Level အတွက် ကျယ်ပြန့်သော အမြင်မရှိခြင်း။
အသင်းအဖွဲ့များသာများလာသော်လည်း
ထိထိရောက်ရောက် အကောင်အထည်ဖေါ်နိုင်သည့် လုပ်ငန်းမရှိခြင်း။
ရည်ရွယ်ချက်မတိကျခြင်း၊ ရံပုံငွေမရှိခြင်း၊ Focal Point မရှိခြင်း။
ပြောတာတစ်မျိုး၊ လုပ်တာတခြားစီသာဖြစ်နေခြင်း..
၉။
မြန်မာစာပေကြောင့် ခွဲခြမ်းစိတ်ဖြာမှုများ မလုပ်နိုင်တော့ပဲ လူသားတို့၏
နားလည်သဘောပေါက်နိုင်မှုများ နှင့် စွမ်းရည်များ ဆိတ်သုန်းကုန်ခြင်း။
မတိကျသော Law များ၊ By Law များ၊ Regulation များကြောင့် Law enforcement
ကို လုပ်သည့် Police အဖွဲ့အစည်းများမှာ ဖေါက်ပြန်၍ ဂုဏ်သိက္ခာမရှိသော
အဖွဲ့အစည်းများဖြစ်ကုန်ခြင်း။
၁၀။ လူတစ်ဦချင်း၊ လူ့အဖွဲ့အစည်းနှင့် အစိုးရအဖွဲ့၏ "ရည်ရွယ်သည့်အကြောင်း" (Purpose) ပျောက်ကွယ်နေခြင်းတို့ကြောင့်ဖြစ်သည်။
အထက်ပါအချက်တို့ကြောင့် မြန်မာနိုင်ငံသည် "ကျား" ဖြစ်မလာနိုင်ပါ။ သို့သော် ကျွန်ုပ်တို့မှာ ပြုပြင်လို့ရမဲ့နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကလည်း ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ ဘာတွေပြုပြင်ရမလဲဆိုတာ သိလိုရင် ပြောပြပါမယ်။
No comments:
Post a Comment