Sunday, June 23, 2013

“ သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက် ”




_(())_ သပ္ပုရိသူပနိဿယ-
သူတော်ကောင်းကိုမှီဝဲ ဆည်းကပ်ခြင်း။
သူတော်ကောင်းကိုမှီဝဲ ဆည်းကပ်ရာမှာ
ရဟန်းဖြစ်စေ၊ လူဖြစ်စေ ပရမတ် ခန္ဓာငါးပါးအပေါ်မှာ
ဒိဋ္ဌိကွာအောင် ဟောပေးနိုင်မယ့်ပုဂ္ဂိုလ်ပါ။

_(())_ သဒ္ဓမ္မသ၀န-
သူတော်ကောင်းတရားကို စူးစိုက် စွာနာကြားခြင်း။
သူတော်ကောင်းတရား ဆိုသည်မှာ
ပရမတ်တရားများကို ဦးစားပေး နာကြားဖို့ပါ။

_(())_ ယောနိသောမနသိကာရ-
အသင့်အားဖြင့် နှလုံးသွင်းခြင်း။
အာရုံတစ်ခုခုနဲ့ကြုံတိုင်းမှာ
အကုသိုလ် မဖြစ်အောင် ရှုတတ်ရမယ်လို့ ဆိုလိုပါတယ်။

_(())_ ဓမ္မာနု ဓမ္မပဋိပတ္တိ-
တရားနှင့်လျော်စွာ ကျင့်ကြံ အားထုတ်ခြင်း။
ထိုင်နေခိုက် ထ သခိုက်မှာပဲ ခန္ဓာငါးပါးဖြစ်ပျက်သွားပြီ။
အနိစ္စ အမြဲ မရှိပါလားလို့ ရှုပွားတာပါပဲ။

ဥဒ္ဒေသတော အကျဉ်းအားဖြင့်
တရားကိုနာရအောင် ဆောင်ရွက်။
ဒါမှမရရင် -
ပရိပုစ္ဆေတော အကျယ်တ၀င့် တရားကိုနာ
ဒါမှ မရသေးလျှင်-
ကလျာဏမိတ္တေပယိရုပါသတော
သပ္ပုရိသကို အဖန်တလဲလဲဆည်းကပ်ပြီး
မရှင်းလင်း သမျှမေးမြန်း၍ ဆင်ခြင်နှလုံးသွင်းတဲ့။

“သောတာပန်ဖြစ်ပုံ လေးမျိုး
(အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”

၁) သောတာနုဂမန –
ဗုဒ္ဓရဲ့တရားတော်တွေကို
နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။

၂) ၀စသာပရိစယ =
ဗုဒ္ဓရဲ့တရားတော်တွေကို
နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။

၃) မနသာနုပေက္ခန =
ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်။

၎) ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။
ငါဆိုတာ မရှိပါလားလို့ ပညာဖြင့်
ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ
သေခါနီးရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင်
အပါယ်မကျဘဲ
၁) နတ်ပြည်ရောက်တာနဲ့ ချက်ခြင်း သောတပန် တည်ပါတယ်။
(သို့)

၂) အရှင်မဟာမောဂ္ဂလာန်မထေရ်ကဲ့သို့
တန်ခိုးကြီးတဲ့ ရဟန္တာမထေရ် တစ်ပါးပါး
နတ်ပြည်တက်လာပြီး ဟောကြား တဲ့တရားကို နာရတဲ့အခါ
လူ့ဘ၀တနုးက ငါကျင့်ကြံ အားထုတ်ခဲ့တဲ့တရားဟာ
ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို
လျင်မြန်စွာ ရတတ်ပြန်တယ်။
(သို့)

၃) ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့
ဓမ္မကထိက နတ်သားတစ်ပါးပါ ဟောတဲ့တရားကို နာရတဲ့အခါ
လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ
ဒီတရား မျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။
(သို့)

၎) လူ့ဘ၀က တရားအတူနာဘက် အတူအားထုတ်ဖက်
နတ်သား နတ်သမီးချင်းတွေ့ပြီး
တရားအကြောင်းဆွေးနွေးမိရာကနေ
သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

- အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ)

credit to youngbuddhistassociation.mm


June 16 near Yangon

No comments:

Post a Comment