Sunday, June 30, 2013

အမြတ်ဆုံးတရား(၆)ပါး


 

 (အနုတ္တရိယသုတ်)

(၁) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊ အင်မတန်ကြည်ညိုတဲ့စိတ်နဲ့ မြတ်စွာဘုရားကိုပဲဖြစ်စေ၊
မြတ်စွာဘုရားရဲ့ တပည့်သာဝကကိုပဲဖြစ်စေ
သွားရောက်ဖူးမြော်ရင် ဒီလိုဖူးမြော်တာကို
အမြတ်ဆုံးအမြင် လို့ခေါ်ပါတယ်။

(၂) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့၊ ချစ်တဲ့စိတ်နဲ့၊
အင်မတန်ကြည်ညိုတဲ့စိတ်နဲ
မြတ်စွာဘုရားဟောတော်မူထားတဲ့ တရားတော်ကိုပဲဖြစ်စေ၊
တပည့် သား သာဝကဟောတဲ့ တရားတော်ကိုပဲဖြစ်စေ
သွားရောက်နာကြားရင် အမြတ်ဆုံးအကြား လို့ခေါ်ပါတယ်။

(၃) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မြတ်စွာဘုရားမှာဖြစ်စေ၊ တရားတော်မှာဖြစ်စေ၊ သံဃာတော်မှာဖြစ်စေ
သဒ္ဓါလို့ခေါ်တဲ့ သက်ဝင်ယုံကြည်မှုကို ရရင်
ဒီသဒ္ဓါ တရားရတာကို အမြတ်ဆုံးလာဘ် လို့ခေါ်ပါတယ်။

(၄) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့
သီလနဲ့ဆိုင်တဲ့ တရားတော်၊
သမာဓိ၊ ပညာနဲ့ဆိုင်တဲ့ တရားတော်တွေကို သင်ယူရင်
ဒီလိုသင်ယူတာကို အမြတ်ဆုံးသိက္ခာ လို့ခေါ်ပါတယ်။

(၅) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ မြတ်စွာဘုရားကိုဖြစ်စေ၊
မြတ်စွာဘုရားရဲ့ တပည့်သာဝကကိုဖြစ်စေ လုပ်ကျွေးရင်
ဒီလိုလုပ်ကျွေးတာကို အမြတ်ဆုံးလုပ်ကျွေးမှု လို့ခေါ်ပါတယ်။

(၆) မတုန်မလှုပ် ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊
မြတ်စွာဘုရားကိုဖြစ်စေ၊ တရားတော်ကိုဖြစ်စေ၊
သံဃာတော်ကိုဖြစ်စေ အဖန်တလဲလဲအောက်မေ့ရင်
ဒီလိုအောက်မေ့မှုကို အမြတ်ဆုံး အောက်မေ့မှု လို့ခေါ်ပါတယ်။

credit to youngbuddhistassociation.mm




 
ကောင်းတာတွေပဲ တွေးနေလိုက်စမ်းပါ . . ။
( ဆုတင် မှတ်စု )

ကိုယ့်တွေးတဲ့အရာဟာ
ကိုယ့်လောက ဖြစ်လာတာပါ။

လှတာကိုတွေးနေတဲ့အချိန်မှာ
ကိုယ့်လောကဟာ လှနေတယ်။

မြင့်မြတ်တာကို တွေးနေတဲ့အချိန်မှာ
ကိုယ့်လောကဟာ မြင့်မြတ်နေတယ်။

ငြိမ်းချမ်းတာကို တွေးနေတဲ့အချိန်မှာ
ကိုယ့်လောကဟာ ငြိမ်းချမ်းနေတယ်။

ဘယ်လိုအတွေးမျိုးကို ကိုယ့်စိတ်ထဲကို
အဝင်ခံနေသလဲ ဆိုတာ သတိထားပါ။

ကိုယ့်စိတ်ထဲဝင်လာတဲ့ အတွေးတွေဟာ
ကိုယ့်လောကကို ဖန်တီးလိမ့်မယ်။

ကိုယ့်အတွေးတွေ၊ သဘောထားတွေ ပြောင်းလိုက်ရင်
ကိုယ့်ဘဝ၊ ကိုယ့်လောကပါ ပြောင်းသွားတယ်။

- ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

credit to youngbuddhistassociation.mm




No comments:

Post a Comment