Sunday, June 23, 2013

သတိချပ်စေချင်

 
တစ်ခါက ရေးခဲ့ဖူးပါတယ် . .။
ကျနော်တို့တွေ စာဖတ်အား အလွန်နည်းကြပါတယ် . . ။

ဖတ်ပြန်သော်ငြား နားလည်မှုအားလည်း
အလွန်နည်းကြပြန်ပါသေးတယ် . .။

ဒီကြားထဲက သေသေချာချာ ဆိုလိုရင်းရောက်အောင်
စာရေးသူရဲ့စေတနာ စာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်
တိတိကျကျနားလည်အောင် စဉ်းစားတွေးတောလို့
မိမိရဲ့အခြေခံ အသိတရားနဲ့ ယှဉ်ပြီး ပွားများကာ
ဖတ်ရှုလေ့လာခြင်းလည်း
ထပ်ဆင့် အားနည်းကြပြန်ပါသေးတယ် . .။

ပြီးပြန်တော့ အပေါ်ယံလေးဖတ်ပြီး အလွယ်တွေးကာ
လတ်တလော စိတ်ခံစားချက်တွေနဲ့ တုန့်ပြန်ကြတာလည်း
ဖေ့ဘုတ်စာမျက်နှာမှာ အထင်ကရ အများကြီးပါ . .။

သည်ကြားထဲက စိတ်လိုက်မာန်ပါ
တုန့်ပြန်မှုတွေ ရှိလာတဲ့ အခါ
အဖေ့မျက်နှာမထောက် အမေ့မျက်နှာမညှာ
မိကောင်းဖခင် သားသမီးပါဆိုပြီး ရှင်လူမြင်လေရာ
ဆဲကြတော့တာပါပဲ . . .။

မိမိနှင့်တကွ မိဘဆွေမျိုး ဆရာသမား
ခင်ပွန်းကြီးဆယ်ပါးမျက်နှာများ ထောက်ထားလို့
ဗုဒ္ဓဘာသာ မြန်မာ့ဂုဏ်သိက္ခာများ
မြင့်မားစေချင်ကြောင်း ပန်ကြားအပ်ပါတယ်ခင်ဗျာ . . . . ။

ဆုတင် . . ။

No comments:

Post a Comment