Sunday, June 30, 2013

အသိဥာဏ်ယှဉ်ပြီး ဆုံးမပဲ့ပြင်ပါ



ဆူပူကြိမ်းမောင်း ထိုးကြိတ်ရိုက်နှက်ပြီး ဆုံးမတာထက်
ဖျောင်းဖျနားချပြောပြ သွန်းသင်ပြီး ဆုံးမတာက
အဆင့်အတန်း ပိုမြင့်သလို အရည်အသွေးလည်း
ပိုကောင်း စေပါတယ်။

တကယ်တော့ ရိုက်နှက်ပြီး ဆုံးမတယ်ဆိုတာ
အရည်အချင်းညံ့ဖျင်းသူတွေ၊
နည်းပရိယာယ် မကျွမ်းကျင်သူတွေ၊
အရှိန်အ၀ါသြဇာမရှိသူ တွေရဲ့
ဒေါသအခြေခံတဲ့ လုပ်ရပ်တစ်ခုပါပဲ။

ရိုက်ပြီးဆုံးမသူထက်၊
မရိုက်ဘဲ ဆုံးမနိုင်သူက အရည်အချင်းပိုရှိပါတယ်။
အဆင့်အတန်း ပိုမြင့်ပါတယ်။
အကုသိုလ်ကင်းပြီး ကုသိုလ်ရပါတယ်။
ဘာကြောင့်ရိုက်ရိုက် ရိုက်နေတာ အကုသိုလ်အလုပ်ပါ။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

credit to youngbuddhistassociation.mm




 
 
“ တရားအားထုတ်သူ အတွက် အင်္ဂါ ၅-ပါး ”
( ဆုတင် မှတ်စု )

၁။ ယုံကြည်မှု (သဒ္ဓါ ) တရားနှင့် ပြည့်စုံရပါမည်။

၂။ တရားအားထုတ် နိုင်စွမ်းသည်
ကျန်းမာရေး နှင့်လည်း ပြည့်စုံရပါမည်။

၃။ ဖြောင့်မတ်မှန်ကန်သော စိတ်ထားရှိရမည်။

၎။ အားထုတ်နိုင်သည့် ၀ီရိယတရား ရှိရမည်။

၅။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိမြင်နိုင်စွမ်းသော
ပညာနှင့်လည်း ပြည့်စုံရပါမည်။

- ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး
အရှင်သောဘန မဟာထေရ်

credit to youngbuddhistassociation.mm




No comments:

Post a Comment