Sunday, June 23, 2013

ဇရာ

တကယ်တော့ လောကကြီးမှာ ဖြစ်လေရာတိုင်းဟာ
ပျက်ဖို့ ချည်းပါပဲ . . ။
လူရယ်လို့ မွေးလာကြ ကတည်းကလည်း
သေဖို့ရာ ချည်းပါပဲ . . ။

စက္ကန့် အချိန် နဲ့ အမျှ ပျက်စီး ယိုယွင်းနေတဲ့
ရုပ် ခန္ဓာကြီးကို ကိုယ်ကပဲ ပိုင်သလိုလိုနဲ့
လက်လွတ်နေကြရတာပါ . . .။

အသက် ၃၀ ၀န်းကျင်က
ကိုဆု ကိုကြည့်ရတာ လူငယ်လေးလိုပဲလို့
ဆိုကြတဲ့အခါ ပြုံးဖြီးဖြီးနဲ့ ကြေနပ်ခဲ့ရတယ် . . ။
အဲသည်ကနေ ၄၀ တန်း ရောက်လာပြန်တော့လည်း
ကိုဆု ကတော့ နုပျိုနေတာပဲဗျာလို့ ဆိုကြတဲ့အခါ
ကြေနပ်နေခဲ့ တာပဲပေါ့ . . ။

သေသေချာချာ စဉ်းစားမိတဲ့အခါ တွေးမိတဲ့အခါ
အထူးသဖြင့် ၀ိပသနာ တရားလေး လက်လှမ်းမီသမျှ
လေ့လာ အားထုတ်မိတဲ့အခါမှာတော့ . . .

လောက၀တ်အရ ငယ်သွားလိုက်တာ
နုနေတာပဲ အစရှိသဖြင့် အပြောခံရတဲ့အခါတွေမှာ
ပျက်စီးယိုယွင်းနေတဲ့ ကိုယ့်ရုပ်ကြီးကို ကိုယ်
ရှက်နေမိတာ အမှန်ပါပဲ . . ။

တကယ်တော့ ကျနော် အချိန်နဲ့အမျှ
အို လာနေပီလေ . . .။

ဆုတင် . . .။

No comments:

Post a Comment